"ကဲကဲ အားလုံးနားထောင်ကျ "
သူတို့ ဒီဇိုင်းဌာနကိုသီးသန့်အုပ်ချုပ်ရတဲ့ အုပ်ကြီးဆိုတာကသီးသန့်ရှိသေးသည် ဒီဇိုင်းပိုင်းရေးရာမှာ အတော်လေးအရာရောက်တဲ့သူတယောက်ပေါ့.
သူတို့တွေရဲ့ပွဲတွေကိုလည်းသူက ဦးဆောင်ကာလုပ်ပေးတဲ့သူမျိုး..ခုတော့ အုပ်ကြီးရောက်လာကာ အားလုံးကို နားထောင်ဖို့အာပေါင် အာရင်းသန်သန်နဲ့ဆော်သြပါတော့သည်..
" ဒီနေ့ ငါက ငါတို့ ဒီဇိုင်းငှာနတခုလုံးကိုနေ့လည်စာလိုက်ကျွေးမလို့ အဲ့ဒါနေ့လည်ကျရင် ကိုယ့်အဖွဲ့နဲ့ကိုယ် ခဏနေပို့ပေးမယ် အဲ့လိပ်စာအတိုင်းလာခဲ့ပါလို့ဖိတ်ချင်ပါတယ် ဆက်ဆက်လာခဲ့နော် မလာရင် ငါ့အကြောင်းသိတယ်ဟုတ်.."
လူကသာ နဖူးပြောင်ပြောင်နဲ့ မျက်မှန်ကြီးတက်ကာ ဗိုက်ကပူလို့ အဝေးကကြည့်ရင်ယောကျားအရင့်မာကြီးလိုပေမယ့် ငါ့အကြောင်းသိတယ်ဟုတ်လို့ပြောကာ လှည့်ထွက်သွားလိုက်တာများ ရှိတာတွေပြုတ်ပျက်မထွက်သွားယုံတမယ်..
အနားမှာ ရှိတဲ့ Taehyung ရဲ့ပခုံးလေးကိုပါပုတ်လို့ မျက်စကပြစ်သွားသေးတာကြောင့် Taehyung မှာ ပြုံးပြလိုက်ရသေးသည်..
...🐰🐯
နေ့လည်ခင်းမှာ အားလုံးက အလျိုလျိုသူတို့ခေါင်းဆောင်တိုင်းမှာက ကားပါတာကြောင့် သူ့အဖွဲ့နဲ့သူထွက်သွားကြပေမယ့် Taehyung တို့သုံးယောက်ကတော့ ကုမ္မဏီရှေ့ကိုထွက်ကာ ကားငှားပြီးသွားဖို့အလုပ် သူတို့ရှေ့မှာ ရပ်လိုက်တဲ့ CEO ရဲ့ကား..
"Taehyung "
" မဂ်လာပါ CEO "
" ဒီဇိုင်းနာအုပ် ပွဲသွားမလို့မဟုတ်လား "
" ဟုတ်ကဲ့ CEO "
" တက်လေ "
" ဟင်ရပါတယ် CEO "
သူကသာရပါတယ် ညင်းနေတာ အနောက်က နှစ်ယောက်က တံခါးဖွင့်ပြီးနေပြီ သူရပါတယ်ဆိုတော့ ဟိုကလေးနှစ်ယောက်ကတက်ရမလို ဆင်းရမလိုနဲ့ သူရဲ့လက်ကိုအတင်းဆွဲကာ sobin က အရင် တက်ပြီး Taehyung တက်မယ်ချိန်မှာ..
"မန်နေဂျာ Hobi ရုံးခန်းထဲမှာ စာရွက်ကျန်ခဲ့လို့ သွားယူပြီးအနောက်ကလိုက်ခဲ့ပါလား "