ကုမ္မဏီရှေ့ ရပ်လို့နေတဲ့ 2ထပ်ကားကြီးတစီးနား သူအဖွဲ့နဲ့သူစကားတွေပြောလို့နေကြသည်..သိပ်မကြာခင်ရောက်လို့လာတဲ့ ကားအကောင်းစားတစီးပေါ်ကဆင်းလို့လာတဲ့ wooyoung ကမ်းခြေခရီးထွက်မှာကို ခုထဲကကမ်းခြေရောက်နေသလားမှတ်ရလောက်အောင် ကြိုးတလုံးဂါဝန်ကိုယ်ကြပ်အနီရောင်ကိုမှ လောင်းကုတ်အမဲအရှည်နဲ့ ဝတ်ကာ ဒေါက်ဖိနပ်ကအမြင့်နဲ့ပေါ့..
" အိုးးး wooyoung လှလိုက်တာ" " အရမ်းလှတာပဲ "
သူရဲ့နောက်ပါတွေက ဝိုင်းဝန်းချီးမွှမ်းကြတော့ ကျေနပ်ပီတီဂွမ်းဆီထိနေတဲ့ Wooyoung..ခဏအကြာမှာရောက်လို့လာတဲ့ ကားပေါ်ကဆင်းလို့လာတဲ့ CEO Jeon နဲ့ သူ၏အမေ ..
ကားခေါင်းခန်းက အမေဖြစ်သူကဆင်းလာတော့ CEO အမေပဲပါတယ်ထင်ကြပြီး အနားကိုရောက် လာကြကာနှုတ်ဆက်ကြချိန် အနောက်ခန်းကဆင်းလို့လာတဲ့ CEO အဘွားနဲ့ Taehyung
ကြောင့် အားလုံး အံ့သြနေကြသည်.." Taehyung က ဘယ်လိုလုပ် CEO ကားနဲ့ "
" ကျွန်တော်လား လမ်းမှာတွေ့လို့လမ်းကြုံလိုက်လာတာ "
ယုတ်တိမရှိသော်လည်း လူကြီးတွေရှိနေတာကြောင့် ဘယ်သူမှ ထက်ပြီး မမေးကြပဲ ကားပေါ်ကအထုတ်ဝိုင်းဝန်းချပေးကာ Jungkook က ကားပါးကင်မှာ ကားသွားထားဖို့ထွက်ခဲ့သည်..
လူစုံတော့ ကားပေါ်တက်ကြပြန်တော့လည်း လူကြီးနှစ်ယောက်ကအရင်တက်ပြီး Jungkook က မတက်သေးပဲ Hobi နဲ့စကားပြောနေကာ Taehyung က ဖုန်းလာလို့ဖုန်းပြောနေသည်..
အားလုံးအလျိုလျိုတက်သွားကြပြီး နေရာ ယူကာ CEO အမေ နဲ့ အဘွားက တယောက်တဖက်စီထိုင်ကြသည်..
အားလုံးက လူကြီးနှစ်ယောက်ကျယ်ကျယ်ထိုင်ချင်လို့ခွဲထိုင်တယ်ပဲထင်ကြတာ..wooyoung က CEO အမေရဲ့ အနောက်ကခုံမှာ ဝင်ထိုင်လိုက်ပြီး သူ့နားမှာလည်း ဘယ်သူမှမထိုင်ခိုင်း..Jungkook တက်လာတော့ Wooyoung က အသဲအသန်သူနားထိုင်ဖို့ခေါ်သည်..သို့သော်
" Jungkook ငါ့နား..."
" သား အဘွားနားမှာထိုင်လိုက် အဘွားက ကားကြီးတွေစီးလေ့စီးထမရှိဘူး ဂရုစိုက်လိုက် "
"ဟုတ်ကဲ့ omma "
wooyoung လည်း CEO အမေဖြစ်နေတာကြောင့်ဘာမှပြန်မကြောနိုင်တော့ပဲ ဟန်ဆောင်ပြုံးကြီးနဲ့သာပြန်ထိုင်လိုက်ရသည်..
![](https://img.wattpad.com/cover/352632744-288-k201893.jpg)