မနေ့က Jungkook စိတ်ဆိုးနေမှန်းသိနေတာ
ကြောင့် Taehyung တယောက်အစောကြီးထကာ မနက်စာပြင်ဆင်လို့နေသည်..တသက်နဲ့တကိုယ် ရေနွေးအိုးတောင်ဆူအောင်မတည်တက်တဲ့ Taehyung က မနက်စာပြင်လို့နေတာ ဦးလေးသာမြင်ရင် ထိုင်ရယ်နေမှာအသေအချာပင်..
Jungkook ဟာ အရင်လိုဆိုအစောကြီးမနက်သာထပြင်တက်ပေမယ့် ဒီနေ့တော့ လုံးဝဆင်းမလာ.. ဆင်းလာလို့ကြည့်လိုက်တော့ အလုပ်သွားဖို့ suit အပြည့်နဲ့
" Jungkook မနက်စာမစားဘူးလား ငါလုပ်... "
" ငါကုမ္မဏီရောက်မှ စားတော့မယ် "
" အင်း ကောင်းကောင်းသွားပါ "
" အင်း "
Taehyung လည်း Jungkook ကိုနှုတ်ဆက်ပြီး အိမ်နောက်ဖေးသို့ပြန်ရောက်လာကာ သူလုပ်ထားတဲ့ပေါင်မုန့်အသားညှပ်လေးတွေကိုကြည့်ပြီး
Tae pov..အင်းလေကောင်းမှာမှ မဟုတ်တာ မစားတာပဲကောင်းပါတယ်
လုပ်ထားတဲ့မနက်စာတွေက်ို သူလည်းမစားတော့ပဲ အမှိုက်ပုံးထဲပစ်ထည့်လိုက်တော့သည်..
Taehyung လည်းအစက မနက်ပိုင်း Jungkook ကိုတောင်းပန်ပြီး အလုပ်မသွားခင် အမေစီကိုသွားကြမယ်လို့ပြောမလို့ပဲ Jungkook က သူ့ကိုစိတ်ဆိုးနေတာမပြေသလို စကားတောင်မပြောတာကြောင့် ဘာမှမပြောတော့ပဲနေနေလိုက်သည်..Jungkook မပါလည်း သူသွားလို့ရနေတာပဲဆိုကာ တယောက်ထဲ Jungkook မိဘတွေစီထွက်လာခဲ့လိုက်တော့သည်..တင်းတောင်
" ဘယ်သူလည်း "
" အဒေါ်ကြီး သား Taehyung ပါ "
"ဟုတ်ကဲ့ "
ခြံတံခါးဖွင့်သားကြားလိုက်တော့တံခါးလေးဖွင့်ကာ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်..သူလာတယ်ဆိုတာသိထဲက အိမ်ရှေ့တံခါးဝမှာအပြုံးနဲ့စီးကြိုလို့နေတဲ့ ယောက္ခမဖြစ်သူ အမေ..
" သားလေး အမေက သားကိုသတိရနေတာ မနေ့က Jeon Jungkook ပေါ့သားကိုသေချာမှာပါဆိုတာကိုမေ့သွားလို့တဲ့ ရောက်လာပြီးမှပြန်သွားတယ်"
" ဗျာ Jungkook က သားကိုပြောဖို့မေ့သွားတယ်လို့ပြောတာလား "
" ဟုတ်ပါ့ အဲ့ကောင်လေးလည်းဒီရက်ပိုင်း ဒီဇိုင်းအသစ်တွက်အလုပ်တွေရှုပ်နေတာနဲ့သားကိုပြောပြီးလား မပြောရသေးဘူးလားတောင်မမှတ်မိဘူး တကယ်ပဲ "
![](https://img.wattpad.com/cover/352632744-288-k201893.jpg)