တညလုံး အိမ်ရှေ့ဆိုဖာပေါ်အိပ်ပျော်သွားလိုက်ကြာ မနက်ဖုန်းအလန်းမြည်မှာပဲနိုးလာကြသည်. Taehyung လည်းဖုန်းအလန်းကြောင့် နိုးလို့သွားကာ မျက်လုံးကမပွင့်သေးဘူးလက်ကိုဆန့်ထုတ်ကာအပျင်းကြောဆန့်နေတုန်းမျက်လုံးဖွင့်လိုက်တဲ့ချိန် ထိုင်ခုံနောက်မှီကို လက်ထောက်ကာ ခေါင်းလေးမှီလို့ သူ့ကိုပြုံးပြီးကြည့်လို့နေတဲ့ Jungkook ကို မြင်လို့သွားတော့ သူ့ဘာသာ အမြင်မှားတယ်ထင်ကာ မျက်လုံးလေးကိုမှိတ်ပြီးပြန်ဖွင့်ကြည့်နေပြန်တဲ့ Taehyung..
" နိုးပြီလား Tae "
အမြင်မှားနေတယ်ထင်ကာမျက်လုံးလေးပိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့ Taehyung ကို တကယ်ဆိုတာသိအောင်အသံလေးပေးလိုက်တော့ သူပေါင်ပေါ်ကနေ ကမန်းကတန်းထထိုင်ကာ
" ညက "
" အင်း "
" ဟီးဟီး ငါပင်ပန်းပြီးအိပ်ပျော်သွားတာ "
ခေါင်းလေးကုတ်ကာ အိမ်ပေါ်ထပ်သို့ ရှက်ရှက်နဲ့ပြေးတက်တော့ဖို့ပြင်နေတဲ့ Taehyung..ထိုင်နေရာကနေတခြမ်းစောင်းသွားချိန် Jungkook က Tae ရဲ့လက်ကလေးကိုလှမ်းဆွဲလိုက်သည်...
" Tae ငါတို့မနက်စာအပြင်မှာစားပြီးမှ အလုပ်သွားရအောင် "
" အလုပ် ဘာလို့သွားမှာလည်း မသွားရပါဘူး ဒီလောက်လက်ဖြစ်ထားတာကိုး "
" ဟင် "
" မင်း အနားယူရအုံးမယ်လေ မသွားရဘူး "
" ဒါဆိုမင်းလည်းမသွားရဘူး "
" ဟင် ငါက ဒီနေ့ဒီဇိုင်းပြရမယ် လေ "
" ငါမရှိပဲမင်းကဘယ်သူကိုပြမှာလည်း Tae "
CEO ကိုကျအလုပ်မသွားခိုင်းပဲ...CEO မရှိပဲ ဒီဇိုင်းပြချင်နေတဲ့ Taehyung.Jungkook ပြောလိုက်မှပဲ စဥ်းစားသွားကာ ထက်မှန်ခေါင်းလေးကုတ်ကာ ရယ်ပြကာ
" အဲ့ဒါဆိုငါလည်းမသွားတော့ဘူးလေ "
" တခုခုသွားစားကြမလား "
" မှာစားမယ်လေ "
" အပြင်မှာစားချင်တာ "
" အင်းပြီးရောလေ အဝတ်အစားသွားလဲလိုက်အုံးမယ် "
![](https://img.wattpad.com/cover/352632744-288-k201893.jpg)