လက်ပတ်တီးစီးတာ သုံးရက်မြှောက်နေ့လက်ကတော့အရမ်းကြီးမသက်သာသေး ကျောက်ပတ်တီးကလည်းမဖြည်ရသေးတာကြောင့် ခုထိနေရခက်နေတုန်းပင်..
မနက်အစောကြီးထကာ Jungkook ရဲ့တံခါးကို ခေါက်လိုက်တော့ အထဲကနိုးနေပြီဖြစ်တဲ့ Jungkook ဟာ ဝင်ခဲ့ဖို့ပြန်ပြောတာကြောင့် တံခါးလေးဖွင့်လာခဲ့တဲ့ Taehyung..
" နိုးတာကြာပြီလား Jungkook "
" အင်းမကြာသေးပါဘူး "
" လက်ရောနာသေးလား "
Taehyung ဟာ ကုတင်မှာထိုင်နေတဲ့ Jungkook နားသွားကာ လက်ကလေးကိုကိုင်ကြည့်တော့ Jungkook ဟာသူရဲ့ကျန်လက်တဖက်ဖြင့် Taehyung ခါးလေးကို ဆွဲကာဖတ်လို့ Tae ရဲ့ဗိုက်လေးနဲ့ သူ့ရဲ့ပါးလေးကိုကပ်လိုက်သည်..
" ငါလက်မြန်မြန်ပျောက်ချင်ပြီ ငါမင်းကို တင်းတင်းကြပ်ကြပ်လေးဖတ်ထားချင်တယ် Tae "
ဗိုက်လေးနား ပါးလေးကပ်ထားရာကနေ မော့ကြည့်လာတဲ့ Jungkook ကို Taehyung ကလည်း Jungkook ကို ငုံ့ကြည့်ကာ..
" သက်သာတော့မှာပါ ထ မျက်နှာသစ်ရအောင်လေ "
" အင်း "
ရေချိုးခန်းထဲရောက်တော့ အတူတူသွားတိုက်နေတာကို မှန်ထဲကနေကြည့်ပြီး သဘောကျနေတဲ့ Taehyung
" Jungkook တိုက်လို့ရလား "
" သိပ်တော့မရဘူး "
" ဒါဆို အရင်ရက်တွေကရော ဘယ်လိုတိုက်လည်း "
" ဒီလိုပဲ ရအောင်တိုက်ရတာပေါ့ "
" ငါတိုက်ပေးရမလား"
Jungkook ရှေ့တည့်တည့်မှာ သွားတိုက်ပေးဖို့လုပ်နေတဲ့ Taehyung..မမှီမကန်းနဲ့ ခြေပြားလေးထောက်ကာ တိုက်ပေးဖို့လုပ်နေတဲ့ Taehyung ကို လက်တဖက်ထဲနဲ့ ပွေ့ချီလိုက်ကာ ဘေစင်ပေါ်မတင်ပေး လိုက်တယ်..အဲ့တော့မှ မှီသွားတဲ့ Taehyung..
Jungkook ရဲ့ အကြည့်တို့က သူမျက်ဝန်းတွေစီမှာ Taehyung ရဲ့ အကြည့်တို့ကလည်း Jungkookရဲ့ မျက်ဝန်းတွေစီမှာ..နှစ်ယောက်သားအကြည့်ခြင်းစုံကာ ပြုံးနေမိသေးသည်..
"အင်း ခုမှ မှီတော့တယ် သွားစိထားလေ "
"ဟုတ် "
![](https://img.wattpad.com/cover/352632744-288-k201893.jpg)