" Jung Jungkook ဟင့် "
" Tae ဘယ်နားထိသွားလို့လည်း ဟမ် ဘယ်နားနာလို့လည်း "
Jungkook ဟာ သူရဲ့လက်တဖက်လုံးလှုပ်လို့မရအောင်နာနေပါသော်လည်း Taehyung ရဲ့ငိုသံလေးကြားလိုက်ရချိန်မှာ သူ့ကိုယ်သူစိတ်မပူနိုင်ပဲ သူ့ရင်ခွင်ထဲက Taehyung ကိုစိုးရိမ်တကြီးမေးလို့နေသည်..
" ငါဘာမှမဖြစ်ဘူး မင်းလက် မင်းလက်က "
ဝန်ထမ်း " CEO Jeon...ဟေ့ရောင်တွေလာခဲ့ကြအုံး ဒီမှာ CEO ကိုထိမိသွားပြီ "
ဝန်ထမ်းတွေလည်း သူတို့နှစ်ယောက်နားကိုအပြေးရောက်လာကြသည်..အနားက ပိတ်စလိပ်တွေကို တွန်းဖယ်ကာ..
ဝန်ထမ်း " CEO လက်ထိထားတာပဲ "
" Jungkook အရမ်းနာနေလားဟင် "
" Tae ငါ့လက်ကျိုးသွားတာလားမသိဘူး လှုပ်လို့မရဘူး "
"အဲ့ဒါငါ့ကြောင့် ဆေးရုံသွားမယ် ထမြန်မြန်သွားမှဖြစ်မယ် "
အရေးပေါ်ဆောင်ထဲ ကုတင်ပေါ်မှာ ထိုင်လို့နေတဲ Jungkook.. Taehyung မှာတော့ အဝေးကနေကြည့်လို့နေကာ မငိုမိအောင် ထိန်းထားရတာ မျက်လုံးလေးတွေတောင်ရဲလို့နေသည်..
သူလှမ်းကြည့်နေတဲ့ Jungkook မှာလည်း နာကျင်လွန်းတာလို့ မျက်နှာမကောင်း..သူကိုလှမ်းကြည့်ရင်တော့ အဆင်ပြေပါတယ်ဆိုတဲ့ အပြုံးလေးနဲ့ပြုံးပြရှာသေးတာ..ထိုသို့ပြုံးပြလေ Taehyung မှာပိုငိုချင်လေပဲ..
D " ဒီနားဘယ်လိုနေလည်း "
" ဆရာ ကျွန်တော် အရမ်းနာနေတယ် ဒါပေမယ့်လေ ဟိုနားကကောင်လေးမေးရင် ဆိုးရိမ်စရာမရှိဘူးလို့ပြောပေးပါနော် သူအရမ်းစိတ်ပူနေလို့ "
" ကျွန်တော်တို့ စစ်ဆေးကြည့်ပါအုံးမယ် ထိမိလို့နာပေမယ့် အရမ်းကြီးဆိုးရိမ်စရာမရှိတာလည်း ဖြစ်နိုင်ပါတယ် ခုကအဆစ်လွဲတာလောက်ပဲဆို အများကြီးဆိုးရိမ်စရာမရှိပါဘူး "
" ဟုတ်ကဲ့ Doctor "
ပခုံးက အရှိန်နဲ့ ပြုတ်ကျလာတဲ့ပိတ်စလိပ်ကြောင့် အဆစ်လွဲသွားကာ ယောင်ပြီး ငေါထွက်လို့နေသည်.ဒတောင်ဆစ်အောက်ပိုင်းလက်ကလည်း အရိုးအပ်လို့သွားတာကြောင့် နာကျင်မှုကမခံမရပ်နိုင်လို့ဖြစ်လို့နေသည်..