Taehyung ထွက်သွားတော့ အိမ်ကိုအမှီပြန်လာခဲ့သော်လည်း Taehyung က အိမ်ကိုလည်းပြန်မလာခဲ့
" မိုးတွေဒီလောက်ရွာနေတာ ဘယ်တွေသွားနေတာလည်းကွာ "
ကြံရာမရ ဦးလေးစီဆက်တော့လည်း ဦးလေးကခရီးသွားနေတယ်တဲ့ သူ့ရဲ့စက်ရုံကိုလိုက်သွားတာ့လည်း ပိတ်ထားတာလပိုင်းလောက်တောင်ရှိပြီ..
ပြသာနာရဲ့မူလအရင်းအမြစ် အမွှေစိန် Jimin စီဆက်ပြန်တော့လည်း သူနဲ့တောင် အဆက် အသွယ်မရှိဘူးတဲ့ ဘယ်တွေများသွားနေလည်းကွာ..
"ကျေးဇူးပြုပြီးဖုန်းကိုင်ပေးပါကွာ Tae ရာ ကျေးဇူးပြုပြီးဖုန်းကိုင်ပေးပါ "
လမ်းမထက်မိုးရေထဲ တယောက်ထဲလမ်းလျှောက်လို့နေတဲ့Taehyung 6 လဆိုတဲ့ကာလပြည့်တော့မယ်ဆိုတာကို မနေ့ကလေးတင် အမှတ်အသားခြစ်ထားတဲ့ ပြက္ခဒိန်လေးကိုကြည့်ပြီး ဒီနေ့သူတို့နှစ်ယောက်ဘယ်လိုဖြေရှင်းကြမလည်းဆိုတာတောင်ကြိုတွေးနေခဲ့သေးတာ အဲ့တာကြောင့်ပဲ Jungkook ကိုသူစောစောပြန်လာခဲ့ဖို့မှာလိုက်သေးသည်..
တိုက်တိုက်ဆိုင်ဆိုင်ကိုပဲ သူတိူ့နှစ်ယောက်ကိစ္စကိုအမေသိလို့သွားသည်..သူတိူ့နှစ်ယောက်ဖြေရှင်းချိန်တောင်မရှိတော့ မကြုံချင်တဲ့ လမ်းခွဲခြင်းမျိုးကိုသူလုပ်ခဲ့ရသည်..သူဆုံးရှုံးရမှာကြောက်တဲ့ Jungkook ကို သူဆုံးရှုံးခဲ့ရပြီ...
" ငါမင်းကိုအရမ်းချစ်တယ် ဟင့် ငါမင်းကိုအရမ်းချစ်တယ် omma နားလည်အောင် omma လက်ခံအောင်ငါဘယ်လိုကြိုးစားရမလည်း Jungkook "
တချိန်လုံးတရဆက်မြည်နေတဲ့ ဖုန်း.. ထိုဖုန်းက Jungkook စီကပဲဆိုတာသူသိတယ် ခုချိန် Jungkook စီပြန်သွားပြီး နှစ်ယောက်ထဲ ထွက်သွားလို့ရတယ်..
သို့သော်အရင်လို ဟန်ဆောင်ပြီးလူသိမခံနေရတဲ့ဘဝကြီးကိုတော့သူမုန်းသည်..ခုလိုဆို မိဘတွေကပါလက်မခံတာကြောင့် ဘယ်သူမှအသ်ိမှတ်မပြုတဲ့ အခြေအနေမျိုးကြီးနဲ့တော့ သူမနေချင်တော့..ဒါကသူ အရမ်းအတ္တဆန်သွားမလား.
ဖုန်းကိုစက်ပိတ်လိုက်ပြီး မိုးရေထဲတကိုယ်ထဲလမ်းလျှောက်လာရင်း အမြင်တို့ဝေဝါးလာကာ ခဏတာအတွင်းမှာပင် လောကကြီးနဲ့အဆက်ပျက်လို့သွားတော့သည်..
![](https://img.wattpad.com/cover/352632744-288-k201893.jpg)