Taehyung က စောစောပြန်လာဖို့ပြောတာနည်းနည်း သူကပြန်လာချင်တာများများ ပြသာနာရှင်းတဲ့ နာရီပိုင်းလောက်သာ ကုမ္မဏီမှာနေပြီး အားလုံးပြီးတာနဲ့ မနက်ဖြန်ထွက်မယ် ဒီဇိုင်းတောင်စိတ်မဝင်စားနိုင်အလုပ်တွေအားလုံး Hobi hyung နဲ့လွဲခဲ့ကာ အိမ်သို့ပြန်လာခဲ့သည်..
သူမပြန်ခင် သူ့အခန်းထဲကနေငိုပြီး ထွက်သွားတဲ့ wooyoung.. သူအိတ်သူဆွဲက ကုမ္မဏီကနေပြန်သွားတော့ ဒီဇိုင်းဌာနတခုလုံး သို့လော သို့လောတွေဖြစ်ကုန်သည်..
CEO Jeon လည်းပြန်သွားရော ဘယ်ကနေဘယ်လိုတောင်သတင်းရလာလည်းမသိ ကုမ္မဏီရဲ့ cctv Min Youngkuu ရဲ့ သတင်းပေးမှုကြောင့် Taehyung ကို လုပ်ကြံတဲ့အကြောင်းရော အရင်တခါပြသာနာအကြောင်းပါ ကုမ္မဏီတခုလုံးဟိုးလေတကျော်ကျော် ဘယ်သူဘယ်ဝါသေချာမသိသေးပေမယ့် wooyoung ခုလိုပြန်သွားထဲက အားလုံးကရိပ်မိကြသည်..
Impersonator Lover
အိမ်ရှေ့တံခါးဖွင့်သံကြောင့် အနောက်မှာရေသောက်နေရင်း ပြေးထွက်လာတဲ့ Taehyung..
Jungkook ကိုလည်းမြင်ရောတခါထဲ ပြေးကာခုန်တက်လိုက်တာကြောင့် Jungkook မှာလက်ထဲက အိတ်ကိုပစ်ချလို့ Taehyung ရဲ့ ကိုယ်လုံးလေးကိုထိန်းကာမလိုက်သည်..
" အစောကြီးပြန်လာတယ် "
" ဘယ်သူပြန်လာစေချင်တာလည်း "
" ဘာမှလည်းပါမပါဘူး "
မချီထားရာကနေ သူရဲ့ပခုံးပေါ်လက်ကလေးတင်လို့ မျက်နှာချင်းဆိုင် ဆူပုတ်ပုတ်မျက်နှာလေးနဲ့ပြောနေတဲ့ Taehyung ရဲ့နှုတ်ခမ်းလေးကိုအနမ်းပေးလို့ ..
" ပြွတ် ကိုကိုက Tae ကိုချက်ကျွေးမှာပေါ့ "
Jungkook ရဲ့ စကားမှာ Taehyung ရဲ့ရယ်သံတို့အိမ်ထဲမှာပျံလွှင့်သွားတော့သည်..
"ဘာစားချင်လည်း "
မချီလျက်သားနောက်ခန်းကိုလျှောက်လာရင်းမေးလိုက်တဲ့ Jungkook..နောက်ခန်းရောက်တော့ သူရဲ့ကိုယ်ပေါ်ကနေဆင်းကာ ရေခဲသေတ္တာထဲ ဟင်းချက်စရာတွေကြည့်နေတဲ့ Jungkook ရဲ့ အနောက်ကနေခါးလေးဖတ်လို့ထားတဲ့ Taehyung..
" ကိုကို ချက်ကျွေးတာဘာမဆိုစားမှာပေါ့ "
" ဟာ ဒီလောက်ချစ်ဖို့ကောင်းနေတာ ကိုကို အချစ်တွေအများကြီးထည့်ချက်ရတော့မှာပေါ့"
![](https://img.wattpad.com/cover/352632744-288-k201893.jpg)