Unicode
ရှောင်ကျန့် နက်ကတိုင် drawer ထဲကနေမှ suitနဲ့လိုက်မဲ့ နက်ကတိုင်ကိုရွေးနေစဉ် နောက်က ထပ်မံထွက်ပေါ်လာတဲ့ အသံလေး။
"မပြီးသေးဘူးလား "
သူ့ကလေး သူ မပြီးသေးဘူးလားမေးနေတာ ဒီတခါနဲ့ပါဆို အခါတရာမကတော့ဘူး ။ ဆရာသမားလေးက သူ့အလှည့်ကျ ၃ နာရီလောက်ပြင်ပြီးမှ ကိုယ်က သူပြီးမှ စရေမိုးချိုးရတာကိုကျ ထည့်မပြောဘူး။
"ကိုကို မြန်မြန်လုပ်လေ ပါတီချိန်နီးနေပြီလို့ ရှောင်ဖွားတို့စောင့်နေတော့မယ်လို့ဆို "
"ပြီးပါပြီကလေးရဲ့"
"ပြီးပါပြီပြောနေတာ ဘယ်နှခါရှိနေပြီလဲ သူ့ကိုယ်သူ လူပျိုများမှတ်နေလားမသိဘူး ဟွန့် "
တိုးတိုးနဲ့ ထွက်ပေါ်လာတဲ့ရေရွတ်သံလေးက ချစ်စဖွယ်။
ရှောင်ကျန့် မှန်ရှေ့ရပ်ကာ နက်ကတိုင် စည်းနေရင်းမှ နောက်ကုတင်ပေါ်ထိုင်ကာ ပွစိပွစိနဲ့ ပြောနေတဲ့ လူသားလေးကို လှမ်းကြည့်လိုက်သည်။
သူနဲ့ အကြည့်ချင်းဆုံသွားတော့မျက်စောင်းထိုးသွားသူလေးကြောင့် ရှောင်ကျန့် စည်းရင်းတန်းလန်း နက်ကတိုင်ကို ဆက်မစည်းနိုင်တော့ဘဲ ထိုလူသားလေးနားချည်းကပ်သွားလိုက်သည်။
သူအနားရောက်လာတော့ ဆူပုတ်ပုတ်လေးနဲ့မော့ကြည့်လာတဲ့ကလေးငယ်။
'ပြွတ်စ်'
"ကိုကို!!!"
ရှောင်ကျန့် ခါးလေးကိုင်းကာ ထိုကလေးငယ်ရဲ့ ထော်လန်နေတဲ့ နှုတ်ခမ်းပါးလေးကို အနမ်းတချက်ချွေချလိုက်တော့ ဆူအောင့် အောင့်နဲ့ထွက်ပေါ်လာတဲ့အသံလေး။
'ပြွတ်စ်'
"ကို..."
'ပြွတ်စ်'
" စွာစိလေးလုပ်အုံးမလား ဟမ်"
'ပြွတ်စ်'
" ကိုကို့ကို အူယားအောင်လုပ်အုံးမလားဟမ်"
'ပြွတ်စ်'
'ပြွတ်စ်'
'ပြွတ်စ်'
'ပြွတ်စ်'
" ကို ကိုကို တော်ပြီလို့ "
ကလေးငယ်ကို ထွေးပွေ့ရင်း အဆက်မပြတ်အနမ်းချွေချလိုက်တော့ ဆူပုတ်နေတဲ့မျက်နှာလေးက တဖန် အပြုံးပန်းတွေပြန်လည်ဝေဆာလာလေရဲ့။ သို့ပေမဲ့မကျေနပ်သေးတဲ့ ရှောင်ကျန့်က ကလေးငယ်ရဲ့ အထိမခံနိုင်တဲ့ လည်တိုင်ကျော့ကျော့လေးအပေါ် ထပ်မံ အနမ်းတွေခြွေချပြန်တော့ ရယ်သံလွင်လွင်လေး ပျံ့လွင့်လာတဲ့ သူတို့အိပ်ခန်းလေး။

BẠN ĐANG ĐỌC
Love To Be Loved By You (S2of Born To Love You)
Lãng mạnBorn to love you ရဲ့ S2လေးပါ ✌️✌️✌️✌️✌️