Unicode
အဖြူရောင်ခြယ်မှုန်းထားတဲ့ အခန်းလေးအတွင်းသို့ ခန်းဆီးဖြူလွှလွှလေးကို ဖောက်ကာတိုးဝင်နေကြတဲ့ နေရောင်ခြည်လေးတွေက အလုအယက်ပင်။
တီး တီး တီး~~~
တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းလေးအတွင်း တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့ အသံလေးက သာမာန်ထက်ပို၍ ဆူနေသယောင်။
"အွန်း"
ဆူညံစွာအော်မြည်နေတဲ့ Alarmသံကြောင့် ရိပေါ် နိုးသွားတာကြောင့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်ခွင်ကျယ်။ ဒါဟာ သူမနက်တိုင်း မျက်လုံးနှစ်လုံးပွင့်တာနဲ့ မြင်ရတဲ့ မြင်ကွင်းလေးပါဘဲ။ ဒီနိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်ဘတ်ကြီးထဲမှာ သူ့တယောက်တည်းအတွက်ခုန်နေတဲ့ နှလုံးသားလေးရှိနေတယ်ဆိုတဲ့အသိက သူ့ကို အရူးတယောက်လို ပြုံးစေပါတယ်။
ရိပေါ်ဘယ်လောက်တောင် တွေးကာ ငေးမိသွားသည်မသိ အော်မြည်နေတဲ့Alarm သံတောင်ရပ်သွားခဲ့ပြီ ။ အွန်းအိပ်ပုတ်တယောက်ကတော့ ဘယ်လောက်ဆူညံဆူညံ ခုထိတုပ်တုပ်မှမလှုပ်။
ရိပေါ် ကိုကိုဖက်ထားရာက ရုန်းမထွက်ဘဲ မျက်နှာကိုမော့ကြည့်လိုက်တော့ နှစ်ခြိုက်စွာ အိပ်ပျော်နေစဲဖြစ်တဲ့ ကိုကို့ရဲ့မျက်နှာက ခန့်ငြားစွာ။
ရိပေါ် အိပ်မောကျနေတဲ့ ကိုကို့ရဲ့မျက်နှာကိုငေးကြည့်ရင်း အတွေးတွေက လွန်ခဲ့တဲ့ ခြောက်လသို့သူ့ကို အထိတ်တလန့်ဖြစ်အောင်လုပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အခိုက်အတန့်ကို ပြန်ရာက်သွားလေရဲ့။
'မွ'
သူ့နဖူးထက် အနမ်းခြွေချခံလိုက်ရမှ သူ့အသိတွေက လက်ရှိကို ပြန်ရောက်လာလေ၏။
" အွန်း နိုးပြီလား ကိုကို"
" နိုးတာကြာပေါ့ ကိုကို့ကလေးလေးက ကိုကို့ကိုငေးပြီး ဘာတွေစဉ်းစားခန်းဝင်နေတာလဲ ဟမ်"
" ဘာမှဟုတ်ပါဘူးကိုကိုရဲ့"
" အဲ အဲ"
"ကဲပါ စမနေနဲ့တော့ကိုကိုရယ် ထတော့ အလုပ်နောက်ကျနေမယ်"
![](https://img.wattpad.com/cover/310589262-288-k746452.jpg)
ESTÁS LEYENDO
Love To Be Loved By You (S2of Born To Love You)
RomanceBorn to love you ရဲ့ S2လေးပါ ✌️✌️✌️✌️✌️