Unicode
ရှောင်ကျန့် ကျောင်းတကျောင်းလုံးကိုပတ်ကြည့်လို့အပြီး ကန်တင်းရှေ့ရောက်တော့ မနက်က မဖြည့်တင်းလာခဲ့ရတဲ့ ဗိုက်က ဆန္ဒပြလာတာမို့ ဗိုက်ကို ဖြည့်တင်းရန်အတွက် ကန်တင်းထဲသို့ ဦးတည်လာခဲ့လိုက်သည်။
သူကန်တင်းထဲ ရောက်တော့ စားပွဲအလွတ်ရှာနေတုန်း အကြည့်ချင်းစုံမိတဲ့ လူသားလေး။ ထိုလူသားလေးက သူ လူမှန်းငိတတ်တည်းကစ ရှင်သန်လာတဲ့ တလျောက်လုံး ရှာနေခဲ့တဲ့ လူသားလေး။ ထိုလူသားလေးကို မယုံနိုင်စွာနဲ့ သူငေးကြည့်နေတုန်း သူ့မြင်ကွင်းကို ပိတ်ပင်တားဆီးလာတဲ့ မျက်ရည်ကြည်တွေက သူ့အတွက် အနှောက်အယှက်တခုလိုပင် ။ သူ့မျက်ဝန်းထက် ဝေ့သီလာတဲ့ မျက်ရည်တွေက သူ့မျက်ဝန်းနဲ့တောင်မဆန့်တော့ဘဲ အပြင်သို့လျှံကျလာခဲ့သော်လည်း သူဖယ်ရှားဖို့သတိမရတော့ဘဲ သူ့ရှေ့က လူသားလေးကိုသာ မျက်တောင်မခတ်တမ်း ငေးကြည့်နေမိတယ်...
သို့ပေမယ့် အခိုက်အတန့်လေးတခုဘဲ။ သူ့ကလေးငယ်က သူနဲ့အကြည့်ချင်းစုံ တဲ့ အခိုက်အတန့် ခနလေး ပြီးဆုံးတော့ ရင်ဘတ်ကို ဆုပ်ကိုင်ကာ နာကျင်နေဟန်ရတဲ့ ကလေးငယ်ကြောင့် ရှောင်ကျန့် သူ့ကလေးငယ်ဆီ အမြန်လျောက်သွားလိုက်သည်။
"ကလေးလေး"
သို့သော် သူလျောက်လှမ်းလာတုန်း မှာပင် ထိုင်နေရာခုံပေါ်ကနေမှ ဘေးဖက်သို့ ပြိုဆင်းကျလာတဲ့ သူ့ကလေးငယ်ရဲ့ ခန္ဓာကိုယ်လေးကြောင့် စိုးရိမ်တကြီးအော်ကာ ကလေးငယ် ခန္ဓာကိုယ်လေးကို အောက်ကြမ်းပြင်နှင့်မထိစေရန် အမြန် ပြေးဖမ်းလိုက်သည်။
ခုချိန်မှာ သူ့ကို မေးခွန်းတွေ ပြည့်နှုက်နေတဲ့ မျက်ဝန်းတွေနဲ့ ဝိုင်းကြည့်နေကြတဲ့ ပတ်ဝန်းကျင်ကိုလဲ ဂရုမစိုက်အားတော့။
ရှောင်ကျန့် သတိမဲ့နေတဲ့ ကလေးငယ်ရဲ့ ခန္ဓာကိုယ်လေးကို မချီလိုက်ပြီး~
"ကျောင်းဆေးခန်းဘယ်မှာလဲ"
ရှေ့က ရုပ်ခပ်ဆင်ဆင် ကောင်လေးနှစ်ယောက်ကို မေးလိုက်တော့ သူ့ကို ဘာမှ ပြန်မဖြေဘဲ ကြောင်ကြည့်နေတဲ့ နှစ်ယောက်က မတ်တပ်သေနေသလိုပင်။
KAMU SEDANG MEMBACA
Love To Be Loved By You (S2of Born To Love You)
RomansaBorn to love you ရဲ့ S2လေးပါ ✌️✌️✌️✌️✌️