Unicode
7 Years later~
ရိပေါ် လူနာ roundပြီးလို့ ရုံးခန်း ထဲပြန်ရောက်တာနဲ့ ဦးစွာလုပ်မိတဲ့အလုပ်က လက်ထဲက နာရီကိုကြည့်တာဘဲ။ တနေ့လုံးလဲ နာရီတကြည့်ကြည့်နဲ့မို့ သူဌာနမှူးတောင် သူ့ကိုပြောယူရတဲ့အထိ။ မကြည့်လို့မရဘူးလေ ဒီနေ့ ကိုကို ကိုးရီးယားက ပြန်ရောက်မှာလေ အဲ့တာ သူသွားကြိုပြီး surpriseတိုက်မို့ကို ဒီနေ့မှ ရောက်လာတဲ့ caseတွေက ပိုများနေသေး။
ရိပေါ် ဝတ်ထားတဲ့duty coatကိုချွတ်ကာ ချိတ်မှာ ချိတ်လိုက်ပြီး ကားသော့ကောက်ယူကာ အမြန်ပြေးထွက်ရန်ပြင်လိုက်သည်။ သို့ပေမဲ့ နားနေခန်းထဲက ထွက်ထွက်ခြင်းအော်မြည်လာတဲ့ ဖုန်းကြောင့် သူ့အိတ်ကပ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်တော့ ခေါ်လာသူက ပိုင်ရှီး ။
ဟိုးအရင်အထက်တန်းကျောင်းမှာထဲက အခန်းဖော်ဖြစ်ခဲ့ပြီး ဆေးကျောင်းအထိပါ ကျောင်းနေဖက်ဖြစ်ခဲ့တာကြောင့် အရင်ကထက်စာရင်တော့ပိုရင်းနှီးလာခဲ့ကြတာပင် ။ ပိုင်ရှီးက နှလုံး အထူးကု သူက ကင်ဆာ အထူးကုမို့ တဆေးရုံ တည်းပေမဲ့တော်ရုံတော့ မတွေ့ဖြစ်ပေ။"Hello "
"....."
"ဟမ် နောက်နေ့မှပြောလို့မရဘူးလား ဒီနေ့ ငါက ...ဟဲလို ဟဲလို ကျွတ်"
ရိပေါ် ကျသွားတဲ့ဖုန်းကိုဂရုမစိုက်တော့ဘဲ နဂိုဦးတည်ရာ ကားပါကင်ကို အမြန်သွားရန်ပြင်လိုက်စဉ် ~
"ရိပေါ် "
သူ့နောက်ပါးက ကပ်ပါလာတဲ့ခေါ်သံကြောင့် သူလှည့်ကြည့်လိုက်တော့ ပိုင်ရှီး။
သူရှိရာကို ခြေလှမ်းကျဲတွေနဲ့ အမြန်လာပြီး သူ့အနားရောက်လာတဲ့ ပိုင်ရှီးက တကယ်ကို seriousဖြစ်နေပုံပင်။
" အွန်းပိုင်ရှီး ဘာကိစ္စရှိလို့လဲ"
" ငါတို့ စကားခနပြောကြမလား"
"ဟိုလေ ငါတကယ်အချိန်မရှိ..."
" ခနပါဘဲ တကယ်ခနဘဲလေ ဒါမှမဟုတ် ကားပါကင်ထိဘဲ အတူလျောက်သွားရင်းပြောကြတာပေါ့ နော်"
ပြောပြီးတာနဲ့ သူ့ထက်အရင်ခြေလှမ်းစလိုက်တာမို့ သူ ပိုင်ရှီးဘေးနား ယှဉ်လျောက်ရင်း သူအကဲခတ်လိုက်မိသည်။ တော်ရုံဆို အလုပ်များတဲ့ပိုင်ရှီးက သူ့ကို အခုလိုတကူးတကစကားမှလာမပြောတာ။
![](https://img.wattpad.com/cover/310589262-288-k746452.jpg)
BINABASA MO ANG
Love To Be Loved By You (S2of Born To Love You)
RomanceBorn to love you ရဲ့ S2လေးပါ ✌️✌️✌️✌️✌️