EP-3

1.1K 84 24
                                    

Unicode

"ဟိုလေ "

တလျောက်လုံး ပါးဘေးမှာ ငြိမ်သက်စွာ ထိုင်နေတဲ့ ရှောင်ကျန့်က ပါးနဲ့ ကျောင်းအုပ်ကြီးရဲ့ စကားဝိုင်းထဲ ဖြတ် ဝင်ရန်ကြိုးစားလိုက်သည်။

"ပြောလေ သား"

" ကျတော့ကို ဝမ်ရိပေါ် ရှိတဲ့အခန်းမှာထားပေးလို့ရမလားဗျ"

ရှောင်ကျန့် သူဆန္ဒရှိတာကို ထုတ်ဖော် တောင်းဆိုလိုက်သည်။

" ရတာပေါ့ ရတာပေါ့ သားကစာတော်တာဘဲကို ဘာဖြစ်ဖြစ် special အခန်းဘဲ ဝင်မှာဘဲလေ ... ဒါနဲ့ သားက  ဝမ်ရိပေါ်နဲ့က သူငယ်ချင်းတွေလား "

" အာာ"

ကျောင်းအုပ်ကြီးရဲ့ မေးခွန်းကို ရှောင်ကျန့် ဖြေရခက်သွားတာတော့ အမှန်ပင်။  ကလေးလေး နဲ့သူက အရင်ဘဝမှာဘဲ ပတ်သက်ခဲ့ဖူးကြတာလေ ဒီဘဝမှာ တွေ့တောင်တွေ့ဖူးကြတာမဟုတ်ဘူးလေ  အဲ့ဒီတော့ ကျောင်းအုပ်ကြီးရဲ့ မေးခွန်းကို သူဘယ်လိုဖြေရမှာလဲ...

"သားငယ်ငယ်က ဒီကို အလည်ခနလာတုန်းခင်သွားတဲ့  ကလေးပါ ဆရာ"

ဖြေရခက်နေတဲ့ သူ့အစား ဝင်ဖြေလာပေးတဲ့ ပါးကို တကယ် ကျေးဇူးတင်မိတယ်။

"အော်အဲ့လိုလား .... ဝမ်ရိပေါ်ဆိုတဲ့ ကလေးက ကျောင်းရဲ့ ထိပ်တန်းကျောင်းသားလေးဗျ ... အဲ့ကလေး စာမှာလဲ အရမ်းတော်တယ် ဉာဏ်ကောင်းတာက သူ့မိဘဆီက အမွေရထားတယ်ထင်ပါရဲ့  ပြီးတော့ အရမ်းလဲ လိမ္မာရေးခြားရှိတဲ့ကလေး တပါးသူကိုလဲ ကူညီတတ်လို့ ကျောင်းကဆရာ ဆရာမတွေတင် မဟုတ်ဘူး ကျောင်းသူ ကျောင်းသား တွေကပါ ဝိုင်းချစ်ကြတာ"

ရှောင်ကျန့် ကျောင်းအုပ်ကြီးပြောပြတဲ့ ကလေးငယ်ရဲ့ အကြောင်းကို နားထောင်ပြီးတော့ ပြုံးခဲတဲ့ သူ့မျက်နှာပေါ်မှာ ဖြစ်တည်လာတဲ့ အပြုံးလေး တပွင့်က သူဘယ်လောက်ကြည်နူးနေလဲဆိုတာ သက်သေပြပေး နေလေရဲ့။

"အဲ့လို ကလေးမျိုးဆိုတော့ ကျတော့သားကိုလဲ စိတ်ချရပါပြီဗျာ"

"စိတ်ချပါ စိတ်ချပါ ကျတော်တို့လဲရှိနေတာဘဲ"

"ခနနော် သားလေး ဆရာ သားအတန်းပိုင်ကို ခေါ်လိုက်မယ်နော်"

Love To Be Loved By You (S2of Born To Love You)Donde viven las historias. Descúbrelo ahora