Unicode
နာရီပေါင်းများစွာ ကြာမြင့်သွားတဲ့ အခါမှာတော့ ပွင့်လာတဲ့ ခွဲခန်းတံခါးနဲ့ အတူ ထွက်လာတဲ့ ဆရာဝန်ကြောင့် သူတို့အားလုံး ဆရာနား အပြေးလေး သွားလိုက်မိသည်။
"ဆ ...ဆရာ သားလေး အခြေအနေ"
" ခွဲစိတ်မှု အောင်မြင်ပါတယ်....လူနာအသက်အန္တရာယ်ကင်းသွားပါပြီ ဒါပေမဲ့... "
"သားသား" "ဝမ်လေး" "ရိပေါ်"
ကြားလိုက်ရတဲ့ စကားသံကြောင့် ရိပေါ် စိတ်လျော့ချလိုက်မိသည်နှင့် ယိုင်နဲ့ သွားတဲ့ သူ့ခန္ဓာကိုယ် နဲ့ သူ့ကို စိုးရိမ်တကြီးနဲ့ ခေါ်ကာ အမြန်ဖမ်းထိန်းပေးလိုက်တဲ့ သူ့ပါး။
" ကို..ကိုကို ...အန္တရာယ် ကင်းသွားပြီတဲ့...ပါး"
***
သူ့ကို ဖြူဖျော့နေတဲ့ မျက်နှာလေးက မော့ကြည့်လာပြီးမျက်ရည်တွေကြားက ပြောလာသည်က ' ကိုကို အန္တရာယ် ကင်းသွားပြီ' တဲ့လေ။ သူ့လက်ထဲက သားငယ်လေးက သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ ဒဏ်ချက်တွေနာကျင်ရမှန်းတောင် မသတိမထားနိုင်လောက်အောင် ခွဲခန်းရှေ့ အရူးတပိုင်းပြေးလာခဲ့တာ။
သား အတိတ်ဘဝက မှတ်ဉာဏ်တွေ ပြန်ရနေတာကို သူသိတာပေါ့။ တခွန်းမှ စမလာတဲ့ သားငယ်ကြောင့် သူပါ အစမဖော်ဘဲ နေပေးခဲ့တာ။ ဒါပေမယ့် သားငယ်က 'ကိုကို' ဆိုတဲ့ နာမ်စားလေးကို ခေါ်ငြီးရင်း ညစဉ်ညတိုင်း တိတ်တဆိတ် ခိုးခိုးငိုနေခဲ့ကိုလဲ သူသိပ်သိတာပေါ့။ဒီလိုတွေ ဖြစ်မှာ သိလို့ သူ ရှောင်ကျန့်ကို သားရှေ့ပေါ်မလာဖို့ သူအတန်တန်တောင်းဆိုခဲ့ရတာ။ ဒီမျက်ရည်တွေကို သူမမြင်ချင်ခဲ့လို့ သူအခုလိုမျက်နှာပြောင်ခဲ့ရတာပေါ့။
လက်ထဲက ဖြူဖျော့နေသားငယ်ကို ကြည့်ရင်း တဖန်ပြန်ပြီး ကျိုးချန်ရဲ့မျက်ဝန်းထဲ မျက်ရည်တွေ ဝေ့တက်လာရပြန်သည်။ ကျိုးချန် သားငယ်ရဲ့အပြောကို သူထောက်ခံတဲ့အနေနဲ့ ခေါင်း ကို အကြိမ်ကြိမ်ငြိမ့်ပြရင်း~
"အင်း သားကိုကိုက အန္တရာယ်ကင်းသွားပြီမို့ စိတ်ချနေတော့နော်"
"......"
"သားသား!!!!"
သူ့စကားအဆုံး ဖြူဖျော့နေတဲ့ နှုတ်ခမ်းလေးက အပြုံးမမည်တဲ့ အပြုံးလေးတပွင့်ဖြစ်ထွန်းသွားကာ လဲ ပြိုကျသွားတဲ့ ခန္ဓာကိုယ်သေးသေးလေးကြောင့် ကျိုးချန် စိုးရိမ်တကြီး အော်ခေါ်လိုက်မိသည်။
VOCÊ ESTÁ LENDO
Love To Be Loved By You (S2of Born To Love You)
RomanceBorn to love you ရဲ့ S2လေးပါ ✌️✌️✌️✌️✌️