EP-15

755 52 4
                                    


Unicode

"သား ‌အပြင်မှာ အေးတယ် ကလေးကိုအထဲခေါ်လာ ....ကလေးက နေလဲကောင်းသေးတာမဟုတ်ဘူး "

နောက်ကျောက ထွက်ပေါ်လာတဲ့ ပါးရဲ့စကားသံနဲ့အတူ ကျဆင်းနေတဲ့ နှင်းတွေကနေ သူတို့ကို ကာကွယ်ပေးရန် ထီးမိုးပေးလာတဲ့ပါး။

ရှောင်ကျန့် ပါးပြောမှ ရာသီဉတုကိုကော ဆေးရုံဝတ်စုံအပါးလေးသာ ဝတ်ဆင်ထားတဲ့ ကလေးငယ်ကိုကော သတိရသွားတာကြောင့်  ရှောင်ကျန့် ရင်ခွင်ထဲက ခန္ဓာကိုယ်လေးကို ထုတ်ယူလိုက်ပြီးသူ့အပေါ်ထပ်ကို အမြန်ချွတ်ကာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်သေးသေးလေးပေါ်ကိုလွှားပေးလိုက်ကာ ~

"ဟုတ်သားဘဲ ..လာ ကိုကိုတို့ အထဲသွားကြမယ်နော်"

ကလေးငယ်ရဲ့ လက်ကို ဆွဲကိုင်လိုက်ကာ အထဲဝင်ရန်ပြင်လိုက်သည်။

ရှောင်ကျန့် ကလေးငယ်လက်ကဆွဲ ရှေ့က ဦးဆောင်သွားလိုက်ပေမဲ့ ခုထိ အားနည်းနေပုံရတဲ့ ကလေးက သူ့ခြေလှမ်းတွေကို မလိုက်နိုင်ပေ။ ဒီအားနည်းတဲ့ ခန္ဓာကိုယ်လေးနဲ့  ရှောင်ဆေးရုံကနေ လီအိမ်တော်ထိ လာခဲ့ရတဲ့ ကလေးငယ်ကြောင့် သူ့နှလုံးသားကနာကျင်လာရပြန်သည်။ တကယ်ပါ ဒီကလေးငယ်နဲ့ ပတ်သက်လာရင်ကို သူကအလိုလို ထိရှလွယ်နေတာ....

"ကိုကို့ကို ခွင့်ပြု"

"ဟင်..ဘာကို.."

ရှောင်ကျန့် ဖြူဖျော့နေတဲ့ ခန္ဓာကိုယ်သေးသေးလေးကို ကောက်ပွေ့လိုက်တော့ မျက်ဝန်းဝိုင်းစက်စက်တွေနဲ့ သူ့ကိုအလန့်တကြား ကြည့်လာတဲ့ ကလေးငယ်။ ကလေးငယ်က ဘေးက သူတို့ကို ထီးမိုးထားပေးတဲ့ ပါးကို ရှက်နေပုံဘဲ။ ရှောင်ကျန့် ထိုအခြင်းအရာကိုသိပေမဲ့ အားယုတ်နေတဲ့ ကလေးငယ်ကို ခုထက်ပိုပြီး မလှုပ်ရှားစေချင်တော့တာမို့  သူတို့ဘေးကပါးကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ အထဲကို ဝင်လာလိုက်သည်။

****

ရိပေါ် ကိုကို့ လက်ပေါ်ကနေ၍ ဘေးက ကိုကို့ပါးကို ခိုးကြည့်လိုက်တော့ ကိုကို့ကို ပြုံးကြည့်ကာ ခေါင်းခါနေတဲ့ ကိုကို့ပါးကိုတွေ့လိုက်တော့ ပို၍ ပင် မျက်နှာပူလာရသည်မို့ ကိုကိုရင်ခွင်ထဲ ခေါင်းတိုးဝှေ့ကာ ပုန်းနေလိုက်မိသည်။

Love To Be Loved By You (S2of Born To Love You)Dove le storie prendono vita. Scoprilo ora