EP-19

583 47 6
                                    


Unicode

"ကိုကို!!!!"

ကျောင်းပိတ်ရက်မို့ ရှောင်ကျန့် မထဘဲ ပေတေပြီးအိပ်ယာထက် ဆက် လျောင်းကာ ဖုန်းသုံးနေတုန်း ကြားလိုက်ရတဲ့ အသံကြောင့် မယုံနိုင်စွာနဲ့ ထထိုင်လိုက်မိသည်အထိ။

ဘေးစားပွဲပေါ်က နာရီကို ကြည့်လိုက်တော့ ၈ နာရီ။  ဒီနေ့လိုမျိုး ပိတ်ရက်ဖြစ်တဲ့အပြင် ဒီအချိန်ကြီးမှာ အိပ်ပုတ်လေးက  သူ့အိမ်ရောက်နေစရာအကြောင်းမှမရှိတာကို....
မဖြစ်နိုင်ပါဘူး သူကလေးငယ်ကိုလွမ်းလွန်းလို့ နားကြားလွဲနေတာဘဲဖြစ်မှာပါ ... ပြောမှဘဲ သူ ပိုပိုလွမ်းလာသလိုဘဲ~

"ဟူး လွမ်းလိုက်တာ ကလေးရာ"

" ကိုကိုလို့!!"

ရှောင်ကျန့် သက်ပြင်းချကာ ငြီးငြူလိုက်ရင်း ပြန်လဲချရန်ပြင်လိုက်ဝော့  ထပ်မံကြားလိုက်ရတဲ့ အသံစာစာလေးကြောင့် သူအမြန်ထကာ အခန်းတံခါးသွားဖွင့်ကြည့်လိုက်တော့ လှေကားထက်ပြေးတက်‌ကာလာနေတဲ့ သူ့ကလေးငယ်။ သူနားကြားမှားတာမဟုတ်ဘူးဘဲ။

"ဖြေးဖြေးလာ ကလေးလေး ပြုတ်ကျမယ်"

လှေကားကို အရမ်းကြီး ပြေး‌တက်နေတဲ့ ကလေးငယ်ကြောင့် သူစိုးရိမ်တကြီးနဲ့ ပါးစပ်ကပြောလဲပြော လူကိုယ်တိုင်ကလဲ လှေကားထိပ်ဆီ အမြန်ပြေးသွားပြီးသားဖြစ်နေပြီ။

" ဟောဟဲ ဟောဟဲ"

" ကိုကိုပြောသားဘဲ ဖြေးဖြေးလာပါဆို ကြည့်အခုတော့ မောနေပြီမလား"

"ဟဲ ဟဲ "

လှေကားထိပ်လဲ ရောက်ရော ခါးကိုကုန်းကာ ဒူးပေါ် လက်ထောက်ပြီး  အမောဖြေနေတဲ့ သူ့ကလေးငယ်ကို သူကျောကနေ အသာသပ်ချပေးနေမိသည်။

"ကျတော်က ...ဟင်း...ကိုကို့ကို မြန်မြန်တွေ့ချင်လို့ဟာကို... အင့် ကိုကို!!!"

ရှောင်ကျန့်  သူ့ရှေ့က တော်တော်နဲ့ အမောမပြေနိုင်တဲ့ အကောင်ပေါက်လေးကို ကောက်ပွေ့လိုက်တော့ အလန့်တကြားနဲ့ သူ့လည်ပင်းကို သိုင်းဖက်လာတဲ့ သူ့ကလေးငယ်။ ဒီကောင်လေးကလေ သူနဲ့ ရွယ်တူသာဆိုတယ်  ခန္ဓာကိုယ်လေးက သူ့ထက် အများကြီးကို သေးနေတာ ။ အစားထက် အအိပ်မက်သူမို့ ခန္ဓာကိုယ်မထွားဘဲ အခုလို သေးသေးညက်ညက်ဖြစ်နေတာ မဆန်းတော့။

Love To Be Loved By You (S2of Born To Love You)Tempat cerita menjadi hidup. Temukan sekarang