EP-1

2.5K 84 21
                                    


Unicode~~

'အူဝဲ အူဝဲ အူဝဲ'

ဘေကျင်းရှိ Xiao groupပိုင် ဆေးရုံရဲ့ မွေးခန်းလေးတခန်းမှာ ထွက်ပေါ်လာတဲ့ ငိုသံလေး။

ခွဲခန်းရှေ့ ဟိုဖက်လျောက် ဒီဖက်လျောက်နဲ့ စိတ်လှုပ်ရှားနေတဲ့ ကျိုးချန်က အခန်းထဲက ကလေးငိုသံကြားတော့ တံခါးအနားကို ပြေးသွားလိုက်ကာ တံခါးပွင့်အလာကို စောင့်နေလိုက်သည်။

" Congratulationsပါ ဆေးရုံအုပ် သားလေး မွေးပါတယ် မိခင်ရော ကလေးပါ ကျန်းမာပါတယ် "

"က ကလေးကို ကြည့်လို့ရမလား "

ကျိုးချန် တောင်းဆိုလိုက်သည်။

"ဟုတ်ကဲ့"

ပြန်ပိတ်သွားတဲ့ တံခါးနဲ့ အတူ တအောင့်နေတော့ ပြန်လည်ပွင့်ဟလာတဲ့ တံခါးနဲ့အတူ ဒေါက်တာ လက်ထဲပါလာတဲ့ အနှီးထုပ်လေး။

"ဒီမှာပါ ဆေးရုံအုပ်"

ဒေါက်တာစကားအဆုံး သူ့လက်ထဲ ရောက်ရှိလာတဲ့ နီတာရဲလေးကို ဝမ်ကျိုးချန် ကြည့်လိုက်တော့ မွေးခါစမို့ ရုပ်လုံးမပေါ် သေးပေမဲ့  နှုတ်ခမ်းလုံးလုံးထော်ထော်လေးတွေက တစုံတယောက်နဲ့ တူနေသလို။

"မဟုတ် မဟုတ်လောက်ပါဘူး"

ကျိုးချန် သူ့အထင်ကို အတည်ပြုရန် ခုံတန်းပေါ် အပြေးထိုင်လိုက်ကာ နီတာရဲလေးကို အနှီးထုပ်ထဲက ဖြေလိုက်ကာ လည်ဂုတ်လေးကို ကြည့်လိုက်တော့ တန်းနေတဲ့ မှဲ့ သုံးလုံးက သူ့အထင်က အမှန်ဖြစ်ကြောင်းကို အတည်ပြုလိုက်၏။

"ရိ.... ရိပေါ်လေး ...  ရိပေါ်လေး..."

"အဲ့ .."

သူမယုံနိုင်စွာနဲ့ ခေါ်လိုက်တော့ ထွက်ပေါ်လာတဲ့ ကလေးငယ်ဆီကအသံလေး။

"ကျေးဇူးတင်ပါတယ်... တကယ်ကိုကျေးဇူးတင်ပါတယ်  "

သူတကယ်ကို ကျေးဇူးတင်မိတာ။ အရင်တုန်းက သူသံယောဇဉ်ရှိခဲ့တဲ့ ကလေးငယ်က အခုဝောာ့ သူ့သားအဖြစ် ပြန်လာပေးခဲ့တယ်တဲ့လေ။

ဝမ်ကျိုးချန် သူ့လက်ထဲက နီတာရဲလေးကို ထွေးပွေ့သူဝမ်းသာလွန်းလို့ မျက်ရည်ကျမိသည်အထိ ။ ထိုမျက်ရည်တွေနဲ့ အတူ သူပြုလိုက်မိတဲ့ သန္ဓိဌာန်တခု ဒီဘဝတော့ ဒီကလေးငယ်က ပျော်ရွှင်တာထက် ပိုပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်စေရမယ်ဆို၍ပေါ့။

Love To Be Loved By You (S2of Born To Love You)Hikayelerin yaşadığı yer. Şimdi keşfedin