EP-22

609 49 9
                                    

ရိပေါ် ရန်ရှင်း ရဲ့ message ကြောင့် ခေါင်မိုးထပ်သို့ အမြန်တက်လာခဲ့လိုက်သည်။

သူကြယ်တာရာကြည့်တဲ့ အခန်းထဲ ဝင်သွားလိုက်နှင့် သူမြင်နိုင်တော့တဲ့ တစ်ခုတည်းသောမြင်ကွင်းက  ဒူးအစုံပေါ်ခေါင်းမှောက်ချထားတဲ့ကိုကိုတယောက်သာ ခန္ဓာကိုယ်ကလဲ တသိမ့်သိမ့်တုန်ယင်နေသေးရဲ့။  ကိုကို့ရဲ့ထိုပုံစံက သူရင်အစုံကို မွန်းကြပ်စေဖို့ လုံလောက်နေပါသည်။

ကိုကိုထံမသွားနိုင်သေးဘဲ တံခါးဝကနေသာ ကိုကို့ကို သတိလက်လွှတ်ငေးကြည့်နေမိတဲ့သူ့ကိုတွေ့တော့  ရန်ရှင်း  ကိုကို့ဘေးကထလာကာ တံခါးဝကရပ်နေတဲ့ သူ့ပုခုံးကိုတချက်ပုတ်ပြီး ထွက်သွားလိုက်၏။

ရန်ရှင်း ပုခုံးပုတ်လိုက်မှ အသိဝင်လာတဲ့သူက ဝေ့သီချင်နေတဲ့ မျက်ရည်ဉတွေကို ပုတ်ခတ်ထုတ်လိုက်ပြီး ဘာစကားကိုမှမဆိုဘဲ ကိုကို့ဘေးသွားဒူးထောက်ချလိုက်ကာ တသိမ့်သိမ့်တုန်ယင်နေတဲ့ ကိုကို့ကိုယ်လေးကို ထွေးပွေ့ထားလိုက်သည်။  အခုကိုကို ခံစားနေရတာက အရင်ကိုကို သူ့ကို ကာကွယ်ရင်း ဖြစ်သွားတဲ့ accidentကို ကြုံရတဲ့ချိန်က သူခံစားရတာနဲ့ တူတူဘဲဆိုတာ သူသိတာပေါ့ ။ ကိုယ်ချစ်ရတဲ့ သူကို မကာကွယ်နိုင်လိုက်မှာ ဘယ်လောက်စိုးထိတ်စရာကောင်းမှန်း ၊ ဘယ်လောက်နာကျင်စရာကောင်းမှန်းသူသိပ်သိတာပေါ့။

ကိုကိုအခုလို နာကျင်စရာမလိုလောက်အောင် ကိုကိုက အချိန်တိုင်း သူ့ကို ကာကွယ်နိုင်ခဲ့တယ်လေ ... အရင်တခါကော အခုကော ... ဒီဘဝမှာ ကိုကိုဆိုတဲ့ အရိပ်မိုးအောက်မှာ သူလုံခြုံစွာ နွေးထွေးစွာနေနိုင်ခဲ့တယ်လေ...

ကိုကိုက သူ့ကို သေးသေးလေးတောင်မှ အထိခိုက်မခံနိုင်အောင်ကို ချစ်တာကို သူသိပ်သိတာပေါ့...ဒါပေမဲ့ ဖြစ်ပျက်သွားတဲ့ အရာတွေက ကိုကို့အပြစ်မှ မဟုတ်တာဘဲ ဘာကြောင့် ကိုကိုက သူ့ကိုယ်သူ အပြစ်တင်စိတ်တွေခံစားနေရမှာလဲ။

ခနအကြာတော့ ဒူးပေါ် ခေါင်းမှောက်နေရာက မော့လာကာသူ့ဖက်ကို ကိုယ်တခြမ်းလှည့်လာပြီး သူ့ခါးကို ထွေးဖက်ကာ သူ့ရင်ခွင်ထဲကြိုးစားတိုးဝင်လာတဲ့ကိုကို။ ခန္ဓာကိုယ်ကလဲ တသိမ့်သိမ့်တုန်ယင်နေတုန်းမို့ ကိုကို ငိုနေတုန်းဆိုတာသူသိလိုက်၏။ ရိပေါ် နှစ်သိမ့်ဖို့စကားလုံးတွေအစား ကိုကို့ကျောပြင်ကိုသာ ဖွဖွလေးပုတ်ပေးနေလိုက်၏။

Love To Be Loved By You (S2of Born To Love You)Donde viven las historias. Descúbrelo ahora