EP-21

618 62 7
                                    

Unicode

" ရန်ရှင်း !!! "

ဟန်ရှင်း သူ့ခုံမှာ ထိုင်ရင်း စာဖတ်နေတုန်း ရန်ရှင်းကိုအော်ခေါ်ရင်း အတန်းထဲ အလောတကြီးပြေးဝင်လာတဲ့ ရိပေါ်ကြောင့် စာအုပ်ထံပို့ထားတဲ့ အာရုံအလုံးစုံက ရိပေါ်ထံသို့~

"ဟန်ရှင်း ရန်ရှင်းကော"

မျက်နှာရဲရဲနီနေတဲ့ ရိပေါ်ကြောင့် ဟိုကောင်မွှေလိုက်တဲ့ ကိစ္စ ရိပေါ် မြင်ပြီးပြီဆိုတာ သူသိလိုက်ပြီ။ အေ့လေ ဒီလောက်  shareတွေ သောင်းချီနေတာကို မမြင်တာကမှ ပိုထူးဆန်းနေတော့မှာပေါ့။

"  ဗိုက်ဆာတယ်ဆိုပြီး ကန်တင်းသွားလိုက်တာဘဲ"

သူပြောလိုက်တော့ လေလိုအလျင်နဲ့ ထပြေးပြန်တဲ့ ရိပေါ်။ ဒီတခါတော့ သူ့ထက်ငါးမိနစ်ငယ်တဲ့ ညီကို သူလဲ မကယ်နိုင်တော့ဘူးထင်ပါရဲ့။ ဟန်ရှင်း ခေါင်းခါလိုက်ရင် လက်ထဲက စာအုပ်ကို စားပွဲပေါ်ချလိုက်ပြီး အိတ်ကပ်ထဲက ဖုန်းကို ထုတ်ယူလိုက်ကာ ရန်ရှင်းထံ message တစောင်ပို့ပေးလိုက်သည်~

📩 ကန်တင်းကို လာနေပြီ 📩

သူတတ်နိုင်သလောက်တော့ ကူပြီးပြီ  ရိပေါ် ရှာတွေ့တာ မတွေ့တာက တော့ ရန်ရှင်းရဲ့ ကံတရားဘဲ။ ဟန်ရှင်း အတွေးတွေကို လက်စဖြတ်လိုက်ကာ ဖုန်းကို စားပွဲပေါ်ချလိုက်ပြီး စာအုပ်ကိုပြန်ကောက်ယူလိုက်ကာ စာဖတ်ခြင်းအလုပ်ကိုသာ ဆက်နေလိုက်၏။

***

ရိပေါ်  ရန်ရှင်းကို လိုက်ရှာတာ တကျောင်းလုံးတောင်နှံ့နေပြီ အခုထိမတွေ့သေး။

ရိပေါ် မောမောနဲ့ လက်ထဲက ဖုန်းကို ဖွင့်လိုက်တော့ screen ပွင့်ပွင့်ခြင်း ပေါ်လာတာက မနေ့က အတန်းထဲက သူနဲ့ကိုကို ရဲ့ စကားပြော အဲ့ မှားလို့ သူငိုယိုနေတဲ့ liveလို့ပြောရင်ပိုမှန်မှာပေါ့ ...

ကျောင်းဝင်းထဲ သူတို့ကားဝင်လာတာနဲ့ သိသိသာသာကို လိုက်ကြည့်နေကာ တီးတိုးပြောနေကြတဲ့ လူတွေကြောင့် သူ တခုခုတော့မှားနေပြီလို့ခံစားမိလို့ ကားထဲက မဆင်းသေးဘဲ ဖုန်းကို ဖွင့်ပြီး သူတို့ကျောင်းgroupထဲဝင်ကြည့်လိုက်တော့ groupထဲမှာ အရမ်းအရမ်း hotဖြစ်နေတာက မနေ့ည ကျောင်းဆင်းတော့ သူနဲ့ကိုကို အတန်းထဲမှာ စကားပြောနေခဲ့တဲ့ပုံရိပ်...စကားပြောနေတယ်ဆိုတာထက် ငိုနေတဲ့ သူ့ကို ကိုကိုက ချော့နေတာဆို ပိုမှန်မည်။

Love To Be Loved By You (S2of Born To Love You)Dove le storie prendono vita. Scoprilo ora