Unicode
ရိပေါ် မြင်လွှာ နှစ်ခု ပွင့်သွားသည်နှင့် မြင်လိုက်ရတဲ့ အဖြူရောင်မျက်နှာကျက်လေးနဲ့ နားထဲ တိုးဝင်လာတဲ့ ဆူညံသံများ။
ထုံထိုင်းနေတဲ့ သူ့ဦးနှောက်ကို သူအမြန်အလုပ်ပေးလိုက်တော့ အမှတ်ရသွားတဲ့ အဖြစ်ဆိုးကြီး ကြောင့် သူအမြန်ထထိုင်လိုက်တော့ သူ့နားဝိုင်းလာတဲ့ ရန်ရှင်း တို့နဲ့ ပါးနဲ့မား။
"ရိ ရိပေါ်" "သား" " သားသား သတိရပြီလား"
"မားမား ပါးပါး "
"အင်းးး သား ဘယ်လိုနေသေးလဲ ကို သားကို စစ်ကြည့်ပါအုံး"
သူ့ကိုစစ်ဆေး ဖို့ပြင်နေတဲ့ ပါးရဲ့လက်ကို ရှောင်လိုက်ပြီး~
" ကို...ကိုကိုရော"
"ဟမ်"
"ကိုကိုရောလို့ ....ရှောင်ကျန့်ရော"
သူအားမရစွာ အော်လိုက်တော့မှ အထစ်ထစ်အငေါ့ငေါ့နဲ့ စကားစလာတဲ့ ရန်ရှင်း။
" ခွဲ ခွဲခန်းထဲမှာ...."
ကိုကိုရှိတဲ့ နေရာကိုသိတာနဲ့ ရန်ရှင်းရဲ့ စကားပြီးဆုံးအောင်တောင်ရိပေါ်မစောင့်နိုင်တော့ဘဲ.... လက်က အပ်ကို ဆွဲဖြုတ်ကာ ခွဲခန်းရှိရာကို တန်းနေအောင်ပြေးသွားတော့သည် ။ ရှောင်ဆေးရုံဘဲမို့ ဘယ်နေရာမှာ ဘာရှိသည် ဆိုတာ သူသိနေပြီးသားမို့သာ ဝောာ်သေးသည်။
" သား... ခန.... ခနနေအုံးဆေးမကုန်.... ကျစ်"
နောက်ကထွက်ပေါ်လာတဲ့ ဟန့်တားသံတွေကို အာရုံမစိုက်တော့ဘဲရိပေါ် အားကုန်ပြေးမိသည်။ သို့ပေမဲ့ ခွဲခန်းရှေ့ရောက်တော့ ခုထိ ပိတ်နေစဲဖြစ်တဲ့ တံခါးကြီးက သူ့ရင်ဝကို ဆောင့်ကန်လိုက်သလိုပါဘဲ။
ပြိုလဲ မလိုဖြစ်သွားတဲ့ သူ့ခန္ဓာကိုယ်ကို အနောက်က ရောက်လာတဲ့ ရန်ရှင်းက လာထိန်းပေးကာ~
"နေလဲမကောင်းသေးဘဲ နဲ့ ရိပေါ်ရာ မင်းကိုယ်မင်းလဲ တချက်ငုံ့ပါအုံးလား..."
"ငါ...အင့်...ငါ"
ရန်ရှင်းပြောတော့မှဘဲ ရိပေါ် သူ့ကိုယ်သူ သတိထားလိုက်မိသည်။ ဆေးထည့်ထားပုံရတဲ့ သူလက်နဲ့ ခြေထောက်က ပွန်းပဲ့ရာတွေ....
ESTÁS LEYENDO
Love To Be Loved By You (S2of Born To Love You)
RomanceBorn to love you ရဲ့ S2လေးပါ ✌️✌️✌️✌️✌️