အပိုင်း(၄)

758 23 0
                                    

Unicode

မောင့်ငွေနှင်းဧကရီ (၄)

" ဟက်..!
ခင်‌ဗျားထင်တာမမှားပါဘူး
ကျုပ်က တာ့ထန်ရဲ့အိမ်ရှေ့စံမင်းသား ကျင်ရှီးပါပဲ "

" အာ...အရှင့်သားကိုး
ကျွန်မထင်တာမှန်နေတာပဲ "

သူ့ကို့အရှင့်သားဟုခေါ်လိုက်သော အမျိုးသမီးကိုကြည့်လိုက်ရာ အသက်သုံးဆယ်ကျော်ခန့်ရှိမည်ထင်ရပြီး အဖြူရောင်သိုင်းဝတ်စုံကိုကျနစွာဝတ်ထားကား ခါး၌
ဓားတစ်လက်ချိတ်ဆွဲထားလေသည်။
ဒီမိန်းမက ဘာလို့ငါ့ကိုသိနေရတာလဲဟ
မဟုတ်မှ...
သူ၏အတွေးကိုသိနေသည့်အလား အနှီးမိန်းမမှာ ခပ်ဟဟရယ်လျက်

" ကျွန်‌မက လော့ရန်မှာအနေများတာမို့ အရှင့်သားကိုမြင်ဖူးနေတာပါ "

" ဒီသွေးပုလဲနီကဘယ်သူ့အတွက်လဲရောသိလား "

" မင်းကြီးအတွက်မလား "

" ခင်ဗျားတို့သိရက်သားနဲ့...! "

ကျင်ရှီး၏စကားဆုံးသောအခါ စံအိမ်ထဲမှ
အမျိုးသမီးကြီးတစ်ယောက်ထွက်လာလျက်

" ဟူကျေးရွာ ယွီဖုန်းရွှယ်ဟွားမျိုးနွယ်စုမှာ
စည်းကမ်းချက် ၅ခုရှိတယ်
တစ်_တော်ဝင်မိသားစုနှင့်မပတ်သတ်ရ
နှစ်_မင်းမှု့ထမ်းနဲ့တော်ဝင်မိသားစုကိုဆေးမကုရ
သုံး_ယွီမိသားစုကလက်နက်ဆန်းတွေ တိုင်းတပါးကိုမရောင်းရ
လေး_သွေးပုလဲနီကိုပြင်ပဆီမရောင်းရ
ငါး_ယွီဖုန်းရွှယ်ဟွားမျိုးနွယ်စုအချင်းချင်းသာလက်ဆက်ရမည်။
ဒီအချက်တွေကိုတော့ အရှင့်သားလဲကြားဖူးလောက်မှာပါ "

"ခင်ဗျားက. ယွီကတော်လား
တောင်းဆိုပါတယ်
ကျုပ်တို့မင်းကြီးရဲ့အသက်ကိုကယ်တင်ပေးပါ "

ယန်ရီခွင်းမှာပြောလဲပြော ယွီကတော်၏
ရှေ့၌ ဒူးထောက်ချလိုက်လေသည်။
ထိုအခါ ယွီကတော်မှာ မဲ့ပြုံးပြုံးလျက်

" လွန်ခဲ့တဲ့တစ်ချိန်က ငါလဲ ငါ့ခင်ပွန်းနဲ့သားတွေအတွက် အခုလိုမျိုးတောင်းဆိုဖူးတယ်
ဒါပေမယ့် ‌အဆုံးမှာဘာရခဲ့သလဲ
ငါ့ခင်ပွန်းနဲ့သားတွေကို ကယ်တင်ဖို့ တပ်သားတွေလွှတ်မပေးခဲ့ဘူး
မင်းကြီးလား
သူမရှိရင် နောက်ထပ်မင်းကြီး နန်းတက်ရင်ရပြီလေ
သွေးပုလဲနီကတော့ နှစ်(၁၀၀)မှာ တစ်ယောက်ပဲပေါ်တဲ့ရှားပါးရတနာ "

" မောင့်ငွေနှင်းဧကရီ "(Completed)Where stories live. Discover now