Unicode
မောင့်ငွေနှင်းဧကရီ (၁၃)
နန်းတော်ရှိအဓိကလေ့ကျင့်ရေးကွင်းပြင်၌လူစုံတက်စုံရောက်ရှိနေကြလေသည်။
မင်းကြီးလီကျင်ရှီးအပါအဝင် လီကျင်ဝေး၊ယန်ရီခွင်းတို့တွေမှာ
လေ့ကျင့်ရေးကွင်း၏စင်မြင့်ထက်၌ထိုင်နေကြပြီး ရဲမက်တို့မှာကွင်းလယ်၌ရပ်လျက်ရှိနေကြလေသည်။
ထိုအချိန်မှာပင် မင်းကြီး၏ကြေငြာသံထွက်ပေါ်လာလေသည်။" နားထောင်
ကြိုက်တဲ့လက်နက်ကိုအသုံးပြုနိုင်တယ်
စည်းကမ်းသတ်မှတ်ချက်မရှိဘူး
စတော့ "" ကျုပ်က အိမ်ရှင်ဆိုတော့
ခင်ဗျားကိုအရင်ဆုံး ဦးစားပေးရွေးချယ်ခွင့်ပေးမယ်
ခင်ဗျား ဘာလက်နက်သုံးချင်သလံ "သွမ့်ခိုင်၏စကားအဆုံးဝယ်
ထန်ဖုန်းအဖြစ်ဟန်ဆောင်ထားသော
ဖုန်းထင်လုံမှာ ခပ်အေးအေးပင်ပြန်ဖြေလိုက်လေသည်။" ကျုပ်ကအကြီးလေ အငယ်ကိုအနိုင်ကျင့်တယ်အပြောမခံန်ုင်ဘူး
လူငယ်လေး မင်းဘက်ကပဲ အရင်ရွေးလိုက်ပါလား "သွမ့်ခိုင်မှာ လူငယ်လေးဟုအခေါ်ခံလိုက်ရသဖြင့် စိတ်တိုသွားရလျက်
" ဘဝင်မြင့်နေလိုက်တာ " ဟုဆိုကာ
ဖုန်းထင်းလုံဆီသို့ လျင်မြန်သောအရှိန်ဖြင့်
လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်လိုက်လေတော့သည်။ဖုန်းထင်းလုံမှာ သွမ့်ခိုင်၏တိုက်ခိုက်မှုအား အယာအယာပင်ရှောင်တိမ်းလိုက်လေသည်။
ထိုအခါ သွမ့်ခိုင်မှာ ပို၍ဒေါသထွက်သွားပြီးလျှင် နောက်တကြိမ်ထပ်မံ၍
ပြင်းပြင်းထန်ထန်ဝင်ရောက်တိုက်ခိုက်လိုက်ပြန်သည်။
ထိုအခါ ဖုန်းထင်းလုံမှာမူ ခပ်အေးအေးပင်
နေရာ၌ရပ်လျက် လက်တဖက်ဖြင့်
သွမ့်ခိုင်၏တိုက်ခိုက်မှုအားဟန့်တားလျက်
ကျန်လက်တစ်ဖက်ဖြင့် ခပ်ပြင်းပြင်းရိုက်ချလိုက်လေသည်။
လက်ဝါးရိုက်ချက်မှာ သွမ့်ခိုင်၏ညာဘက်ပုခုံးသို့ကွက်တိကျသွားရာ
သွမ့်ခိုင်မှာ နောက်သို့ခြေလှမ်းငါးလှမ်းခန့်ဆုတ်လိုက်ရပြီးလေသည်။
ထိုအချင်းအရာကြောင့် လီကျင်ရှီးတို့အပါ
အဝင် ပွဲကြည့်နေကြသော ရဲမက်တို့မှာ
ဟာကနဲဖြစ်ကုန်ကြသလောက်
ကျင်ဝေးကား ကျေနပ်အားရစွာပြုံးလျက်။
YOU ARE READING
" မောင့်ငွေနှင်းဧကရီ "(Completed)
Historical Fictionမင်္ဂလာဦးခန်းထဲက ကုတင်ထက်တွင် မလှုပ်မယှက်ထိုင်နေသော ရွှယ်ယွဲ့ သူမဘေးနားသို့အသာအယာဝင်ထိုင်လိုက်လျှင် တဖက်သို့ရွေ့သွားလေသည်။ သူကတိုး သူမကရွေ့နှင့် တဖြည်းဖြည်းကုတင်စွန်းသို့ရောက်လာကြလေသည်။ ထိုအခါ ရွှယ်ယွဲ့တစ်ယောက် မတ်တပ်ထရပ်လျက် နေရာမှထွက်ခွာဟန်ပြင်နေလ...