Unicode
မောင့်ငွေနှင်းဧကရီ (၁၂)
သူမရှေ့၌ထိုင်နေသော ရွှယ်ယွဲ့အား
သေချာအကဲခတ်ပြီးနောက် လီကျင်ရှီး၏
မယ်တော်"ယန်ရှင်းလန်"မှာ
သူမ၏အပျိုတော်ယူလာပေးသောဆေးပန်ကန်အား အသာအယာယူလိုက်ကာ ရွှယ်ယွဲ့ဆီလက်ကမ်းလျက်" ဒါကိုသောက်လိုက် "
ကမ်းပေးလာသောဆေးပန်းကန်လုံးအား
သေချာအနံ့ခံလိုက်မိရာ
ပဋိသန္ဓေတားဆေးလား
လီကျင်ရှီးမယ်တော်က သူမကိုဘာလို့ဒါကိုသောက်ခိုင်းတာလဲ
ထို့ကြောင့် မနေနိုင်ပဲမေးမြန်းလိုက်မိသည်။" ဒါက ဘာပါလဲမယ်တော် "
" မင်းလဲသမားတော်ပဲလေ
ဒါကဘာဆေးလဲ သေချာကြည့်လိုက်ရင်သိမှာပါ
ဒါဆို ငါဘာလို့ မင်းကိုသောက်ခိုင်းရလဲပါနားလည်သွားလိမ့်မယ် "လတ်စသတ်တော့ လီကျင်ရှီးမယ်တော်က
ငါ့ကို သူ့သားရဲ့တော်ဝင်သွေးသားကိုမလွယ်စေချင်ဘူးပဲ
ရယ်စရာတော့ကောင်းသား
ငါကလဲ လူယုတ်မာရဲ့ရင်သွေးကိုမလွယ်ချင်တာနဲ့အတော်ပဲဖြစ်သွားတယ်။
ထို့ကြောင့် စောဒကမတက်ပဲ တကျိုက်တည်းမော့သောက်လိုက်မိတော့
ထိုအမျိုးသမီးကြီးက သူမကိုအံ့ဩဟန်စွက်ပြီးငေးကြည့်နေတာကိုမြင်လိုက်ရလေသည်။
ထို့နောက် သူမကဆို၏"_ မင်းဘာလို့်မငြင်းတာလဲ
_မလိုအပ်လို့ပါ "ရွှယ်ယွဲ့၏စကားဆုံးသောအခါ လီကျင်ရှီး၏
မယ်တော်မှာ အသာအယာရယ်မောလျက်" မင်းက..မင်းကြီးကိုမချစ်ဘူးပဲ
မင်းသွားလို့ရပြီ
ဒီနေ့ကစပြီး မင်းသေချာမှတ်ထားရမှာက
မင်းက ကျင်ရှီးရဲ့မိန်းမသက်သက်ပဲ
ကျင်ရှီးရဲ့တော်ဝင်သွေးသားမျိုးဆက်ကို ကိုယ်ဝန်လွယ်ခွင့်မရှိသလို
အနောက်နန်းဆောင်ကိုလည်းဝင်ခွင့်မရှိဘူး
ဘာဘွဲ့ထူးဂုဏ်ပုဒ်မှမမက်မောနဲ့ "" စိတ်ချပါ
မယ်တော်စိတ်ပူနေတာမျိုး ဘယ်တော့မှဖြစ်လာမှာမဟုတ်လို့ စိုးရိမ်တော်မမူပါနဲ့ "
YOU ARE READING
" မောင့်ငွေနှင်းဧကရီ "(Completed)
Historical Fictionမင်္ဂလာဦးခန်းထဲက ကုတင်ထက်တွင် မလှုပ်မယှက်ထိုင်နေသော ရွှယ်ယွဲ့ သူမဘေးနားသို့အသာအယာဝင်ထိုင်လိုက်လျှင် တဖက်သို့ရွေ့သွားလေသည်။ သူကတိုး သူမကရွေ့နှင့် တဖြည်းဖြည်းကုတင်စွန်းသို့ရောက်လာကြလေသည်။ ထိုအခါ ရွှယ်ယွဲ့တစ်ယောက် မတ်တပ်ထရပ်လျက် နေရာမှထွက်ခွာဟန်ပြင်နေလ...