Unicode
မောင့်ငွေနှင်းဧကရီ (၂၀)
နောက်တစ်နေ့မနက်၌
ရွှယ်ခူးအား ဟူလီ့အယောင်ဆောင်ထားသော မင်ဟွေ့နှင့်အတူ ရှောင်စန်းအားစောင့်ရှောက်စေလျက်ဟူကျေရွာသို့ပြန်လည်အနားယူစေသည်။
ဖုန်းထင်လုံတို့မှာမူ လီကျင်ရှီးအားကာကွယ်လျက် မြို့တော်သို့ပြန်ကြလေသည်။
ရွှယ်ခူးအားလုပ်ကြံသတ်ဖြတ်သော လူသတ်သမားမှာမူ လူသေဘဝသို့၊
ရှောင်စန်းဟုခေါ်သော ဝိညာဉ်တမန်အဖွဲ့မှ
နံပါတ်၃မှာ ဖုန်းထင်းလုံ၏အမိန့်အရ
အနှီးလူသတ်သမား၏ဦးခေါင်းအား ဖြတ်ယူလာခဲ့ရာ ထိုဦးခေါင်းပြတ်ကြီးကိုမြင်သည်နှင့် ရွှယ်ယွဲ့ကား နေရာ၌ပင်သတိလစ်သွားလေတော့သည်။
ထို့ကြောင့် မူလက နန်းတွင်းရောက်မှအသိပေးမည်ဟုကြံရွယ်ထားသော ရွှယ်ယွဲ့
၏ကိုယ်ဝန်ကိစ္စမှာပေါ်သွားလေသည်။
လီကျင်ရှီးကား အတိုင်းမသိဝမ်းသာပျော်ရွှင်
နေလေတော့သည်။
ယခုလည်း မြင်းလှည်းယာဉ်ထဲ၌
ရွှယ်ယွဲ့အား တစ်ချိန်လုံးသူ၏ရင်ခွင်ထဲတွင်သာလှဲလျောင်းအနားယူစေကာ သူကမူ
ရွှယ်ယွဲ့၏လှပသောမျက်နှာလေးအား တစိမ့်စိမ့်ကြည့်လျက် ၊
တစ်ချက်တစ်ချက်တွင်လည်း ရွှယ်ယွဲ့၏
မျက်နှာလေးအားတရွှတ်ရွှတ်ငုံ့နမ်းရင်းက
မြတ်နိုးမဆုံးဖြစ်နေလေတော့သည်။
ဟူလီမှာမူ သူမတစ်ယောက်လုံးရှိနေတာကိုတောင် မသိမမြင်နိုင်လောက်တော့သည့်အထိ ကဲသဲနေသော လီကျင်ရှီးအား မဲ့ရွဲ့လျက် မျက်စောင်းတွေသာတွင်တွင်ထိုးနေချေ၏။" ကိုယ်..ခုထိမယုံနိုင်သေးဘူး သိလား
အိမ်မက်အလားထင်နေမိတုန်းပဲ
မင်းက ကိုယ့်ရင်သွေးလေးကိုလွယ်ထားတယ်ဆိုတာကလေ
ပြီးတော့လည်း မင်း ကိုယ့်ကိုပြန်ချစ်လာဖို့ကတကယ့်ကိုမှ ကိုယ့်အတွက် မမျှော်လင့်ရဲခဲ့တာ
ခုတော့ ဒါတွေဟာတကယ်ဖြစ်လာခဲ့ပြီ
ကိုယ်အရမ်းပျော်တာပဲ "လီကျင်ရှီးကား စကားနဲ့တင်ပြောရတာအားရဟန်မတူ လူမှာလည်း ရွှယ်ယွဲ့၏ပါးပြင်နုနုထက်သို့ သူ၏နှာခေါင်းတို့နစ်ဝင်သည့်အထိ
မွှေးမွှေးပေးလိုက်ပြန်သည်။
ထိုအခါ ရွှယ်ယွဲ့မှာ အလိုမကျဟန်ဖြင့်
" ဘယ်လိုဖြစ်နေတာလဲ " ဟုဆိုလိုက်လေသည်။
ကျင်ရှီးကား ဆက်တိုက်ဆိုသလိုပင်
ရွှယ်ယွဲ့အားပြုံးစစနှင့်စိုက်ကြည့်လျက်
YOU ARE READING
" မောင့်ငွေနှင်းဧကရီ "(Completed)
Historical Fictionမင်္ဂလာဦးခန်းထဲက ကုတင်ထက်တွင် မလှုပ်မယှက်ထိုင်နေသော ရွှယ်ယွဲ့ သူမဘေးနားသို့အသာအယာဝင်ထိုင်လိုက်လျှင် တဖက်သို့ရွေ့သွားလေသည်။ သူကတိုး သူမကရွေ့နှင့် တဖြည်းဖြည်းကုတင်စွန်းသို့ရောက်လာကြလေသည်။ ထိုအခါ ရွှယ်ယွဲ့တစ်ယောက် မတ်တပ်ထရပ်လျက် နေရာမှထွက်ခွာဟန်ပြင်နေလ...