အပိုင်း(၁)

2.7K 46 2
                                    

Unicode

မောင့်ငွေနှင်းဧကရီ (၁)

တာ့ထန်ပြည်∆
(လီမျိုးနွယ်တို့အုပ်စိုးည့်အချိန်ကာလ)

မြို့တော်‌လော့ရန်

" အနောက်ဘက် ရှင်ကျန်းပြည်နယ်က
ဟူ(ကျား)လို့ခေါ်ကြတဲ့ ဟူကျေးရွာမှာနေထိုင်ကြတဲ့
" ယွီဖုန်းရွှယ်ဟွား "
မိုးလေနှင်းပန်းဆိုတဲ့ မျိုးနွယ်စုကြီးလေးခုရှိပြီး
သုန်းဖန်း(အရှေ့ဘက်အုပ်စု)မှာက
ရွှယ်ဟွား(နှင်းပန်း)ဆိုတဲ့မျိုးနွယ်စု နှစ်ခုနဲ့
ရှီးဖန်း(အနောက်ဘက်အုပ်စု)မှာတော့
ယွီဖုန်း(မိုးလေ)ဆိုတဲ့မျိုးနွယ်စု နှစ်ခုရှိတယ်။
အဲ့ဒီမျိုးနွယ်စုကြီးလေးခုထဲမှာမှ ရွှယ်မျိုးနွယ်စုဟာ သမားတော်တွေဖြစ်ကြပြီး
ဒဏ္ဍာရီလာအရ သေသူကိုတောင်ပြန်ရှင်အောင်ကုသပေးနိုင်တယ်လို့ဆိုကြတယ် "

" ဒါ ဖြစ်နိုင်လို့လားဗျ "

လမ်းဘေးခေါက်ဆွဲဆိုင်လေး၏ ဆိုင်ရှင်ဖြစ်ဟန်တူသောလူကြီးမှာ
သူ၏အားလပ်ချိန်လေးတွင် လမ်းသွားလမ်းလာများအားဗဟုသုတအဖြစ်ပြောပြနေတာပင်။
အနှီးလူကြီး၏စကားအဆုံးဝယ် နားထောင်နေကြသော လူတစ်သိုက်ထဲမှ လူငယ်လေးတစ်ဦးမှာ
ဤနှယ် ဝင်ရောက်အထွန့်တက်လိုက်ရာ
ထိုလူကြီးမှာ လက်ကာပြလိုက်ရင်း

" နေအုံး ကျုပ်စကားကိုဖြတ်မပြောနဲ့
ကျုပ်ပြောလို့မပြီးသေးဘူး "

ထိုလူကြီးမှာ ပြောလဲပြော အခါးရည်တစ်ခွက်ကိုငှဲ့သောက်လိုက်ပြီးနောက် သူ၏ပြောလက်စစကားတို့ကို တဖန်ဆက်ဆိုလိုက်ပြန်လေသည်။

" မင်းတို့ မှတ်မိသေးလားတော့မသိဘူး
ယွီမိသားစုမတရားသေခဲ့ရတဲ့အဖြစ်အပျက် "

" ယခင်က မဟာစစ်သူကြီးမိသားစုလား
ယခင်မင်းကြီးလက်ထက်ကစစ်သူကြီးလေ
သူ့နာမည်က ယွီလုံ
သူ့ကို စစ်နတ်ဘုရားလို့တောင်တင်စားကြတယ် "

" မှန်ပါတယ် စစ်နတ်ဘုရားယွီလုံ
ယွီမျိုးနွယ်စုကလူတွေဟာ တိုက်ခိုက်ရေးအလွန်တော်ကြပြီး ကိုယ်ပိုင်စစ်တပ်တောင်ရှိတယ်လို့ကြားဖူးတယ်
သူတို့ဟာမျိုးရိုးစဉ်ဆက် တာ့ထန်ပြည်ကို
သစ္စာရှိစွာအမှု့တော်ထမ်းရွက်လာခဲ့တာ ယွီလုံရဲ့လက်ထက်အထိပေါ့
ဖုန်းမျိုးနွယ်စုကတော့ ကုန်သည်တွေ
သူတို့ဟာ တခြားတိုင်းပြည်တွေအထိပါ လှည့်လည်ကုန်သွယ်ရောင်းဝယ်ကြတဲ့ ကုန်သည်မျိုးရိုးပေါ့
ရေကြောင်းကုန်းကြောင်နှစ်မျိုးစလုံးကနေ အဓိကကုန်သွယ်ကြပြီး သင်္ဘောတွေတောင်ပိုင်ဆိုင်တယ်
သူတို့ဟာ တော်ဝင်မျိုးနွယ်ထက်တောင်ကြွယ်ဝချမ်းသာတယ်လို့အဆိုရှိတယ်ကွ
သူတို့အဓိက ရောင်းဝယ်တဲ့ကုန်ပစ္စည်းတွေဟာ လက်နက်၊ဆေးဝါး၊အဝတ်အထည်နဲ့လက်ဝတ်လက်စားပဲဖြစ်တယ်
ထိုပစ္စည်းတွေကို ထုတ်လုပ်ကြတာက
ယွီ၊ရွှယ်နဲ့ဟွားမျိုးနွယ်စု
အဲ့ဒီလို ကိုင်းကျွန်းမှီကျွန်းကိုင်းမှီစည်းလုံးညီညွတ်ကြတဲ့ ယွီဖုန်းရွှယ်ဟွားတို့ကို
မျက်စိစပါးမွှေးစူး မနာလိုဖြစ်နေကြတာက
နန်းတွင်းကအမတ်တွေနဲ့ အနောက်အုပ်စုကလူတွေပဲ
တစ်ချို့ကတော့ ယွီဖုန်းရွှယ်ဟွား မျိုးနွယ်တစ်ခုခုနဲ့လက်ဆက်ရဖို့ကြိုးစားကြတယ်။
သို့ပေမယ့် မအောင်မြင်ကြဘူး
ဘာလို့ဆို ဟူကျေးရွာက ယွီဖုန်းရွှယ်ဟွား
မျိုးနွယ်စုတွေဟာ သူတို့အချင်းချင်းပဲလက်ဆက်ကြရပြီး အပြင်လူအဝင်မခံတဲ့ဓလေ့ထုံးစံရှိလို့ပဲ
ဒီအချက်ကပဲ နန်းတွင်းအမတ်တွေကိုပိုလို့မ
ကျေနပ်စေတဲ့အကြောင်းအရင်းဖြစ်လာတယ်။
ထိုအချိန်တုန်းက ကျုပ်တို့တာ့ထန်ပြည်နဲ့
လူရိုင်းမျိုးနွယ်တွေဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ခဲ့ကြတယ်။
ဒီတိုက်ပွဲကို ယခင်မင်းကြီးက သူ့ရဲ့ယောက်ဖတော်ကိုခေါင်းဆောင်စေခဲ့တာဟာ
ကျုပ်တို့မင်းကြီးက ကြီးစွာသောအမှားကြီးကျူးလွန်လိုက်မိတာပဲ
ယခင်မင်းကြီးရဲ့ယောက်ဖ ' လီစန်း 'ဟာ
စစ်သူကြီးယွီလုံအပေါ်မှာ ပုဂ္ဂိုလ်ရေးမနာလိုမုန်းတီးစိတ်ရှိတာ တစ်တိုင်းပြည်လုံးအသိ
နောက်ဆုံးမှာ ကျုပ်တို့တွေးထင်ထားတဲ့အတိုင်း စစ်သူကြီးယွီလုံဟာ
ရန်သူတွေရဲ့ထောင်ချောက်မိပြီး ပါသွားတဲ့
စစ်သည်တစ်သောင်းရဲ့အသက်တွေ မတရား
သဖြင့်သေဆုံးခဲ့ရတယ် "

" မောင့်ငွေနှင်းဧကရီ "(Completed)Where stories live. Discover now