အပိုင်း(၆)

706 24 0
                                    

Unicode

မောင့်ငွေနှင်းဧကရီ (၆)

" ဟူလီ..!
ငါ့ကိုတံခါးဖွင့်ပေး မဟုတ်ရင်မမှီတော့ဘူး "

" မဖြစ်ဘူး
ဖွားတော်ကသေချာမှာထားတယ် မမကိုအပြင်ပေးမထွက်နဲ့တဲ့ "

" သူလိုချင်တာသွေးပုလဲနီမလား ပေးလိုက်ရင်ရတာပဲလေ
ဖွားတော်ကလဲ ဘာလို့ခေါင်းမာနေတယ်မသိ
သွေးပုလဲနီတစ်လုံးအတွက် ခုလိုအသက်တွေ
စတေးတာတန်လို့လား "

" ခု သူလိုချင်တာ သွေးပုလဲနီမဟုတ်ပဲ မမကိုတဲ့လေ
မင်းကြီး နတ်ရွာစံသွားပြီတဲ့
ဒါကြောင့် ခုလိုဖြစ်နေရတာပဲ
မမလဲသိသား မမက ညီမတို့အတွက်မရှိမဖြစ်လေ "

ထိုစဉ်မှာပင် သူတို့၏နားထဲ၌ ကျယ်လောင်
သော ပေါက်ကွဲသံကြီးကိုကြားလိုက်ရလေတော့သည်။
မဖြစ်ဘူး အကုန်သေကုန်ကြတော့မှာပဲ
ငါ တစ်ခုခုလုပ်မှဖြစ်မယ်

" ဟူလီ..!
တံခါးဖွင့်ပေး ငါ့သွားတားရမယ် "

မမရဲ့အသံဟာတဖြည်းဖြည်းဖျော့တော့လာပြီး တိမ်ဝင်သွားသလို အခန်းထဲပစ္စည်းတွေ
လဲပြိုသံပါကြားလိုက်ရသဖြင့်
ကပျာကယာတံခါးဖွင့်ခါ အခန်းပြေးဝင်ကြည့်မိလျှင် သူမရှေ့သို့
သွေးပုလဲနီတွေလိမ့်ဆင်းလာသည်ကိုမြင်လိုက်ရသဖြင့်

" မမ..မမ မလုပ်နဲ့ "

" ဒီသွေးပုလဲနီအရေအတွက်လောက်ဆိုရင်
ငါတို့မိသားစုအတွက်လုံလောက်မှာပါနော် "

ဟူလီမှာမူ သူမ၏အစ်မဒဏ်ရာအားသွေးတိတ်ရန်အလို့ငှါပတ်တီးစည်းပေးလျက်
ငိုနေလေတော့သည်။
သူမ၏နှုတ်မှလည်း

" မမ..ဘာလို့ဒီလိုလုပ်ရတာလဲ
ညီမတော့အသတ်ခံရတော့မှာပဲ "

" ငိုမနေနဲ့ ငါမသေနိုင်ပါဘူးဟ
ငါ့ကိုကူတွဲပေး သွားကြမယ် "

ယခုအခါ ယွီကတော်တို့အားလုံးမှာ
တာ့ထန်၏ရဲမက်တွေဝန်းရံပိတ်ဆို့ထားခြင်း
ခံလိုက်ရချေပြီ။
မြေပြင်ထက်၌မူ နှစ်ဖက်စလုံးမှ သေကျေဒဏ်ရာရသူများမှာမြင်မကောင်းရှု့မကောင်း

" မောင့်ငွေနှင်းဧကရီ "(Completed)Where stories live. Discover now