အပိုင်း(၁၈)

725 23 1
                                    

Unicode

မောင့်ငွေနှင်းဧကရီ (၁၈)

" ကိုကိုနဲ့ဒေါ်လေးရော
သူတို့ကို ငါဘာလို့မမြင်တာလဲ "

ရွှယ်ယွဲ့မှာ သူမနိုးလာသည်မှာကြာပြီဖြစ်သော်လည်း ဖုန်းထင်းလုံတို့ကိုမမြင်သဖြင့် ဤနှယ်မေးမြန်းလိုက်လေသည်။

" ဟော..
ပြောရင်းဆိုရင်း ဒေါ်လေးတို့ပြန်လာကြပြီ.."

ရွှယ်ခူးမှာ ဖုန်းထင်းလုံနှင့်အတူ
ဟူလီတို့ရှိရာ ပျော်ပွဲစားရုံသို့ပြန်ရောက်လာလေသည်။
သူမ၏လက်ထဲ၌လည်း အဝတ်အစားတစ်ချို့ပါလာလေသည်။
ထိုအဝတ်အစားတွေမှာ အမျိုးသားအဝတ်တွေဖြစ်နေလေသည်။

" ဒါက ဘာအတွက်လဲ ဒေါ်လေး "

" နားထောင်..!

ထိုသို့ဆိုလျက် ရွှယ်ခူးမှာ
သူမတို့၏အစီအစဉ်အား အသေးစိတ်ပြောပြလိုက်လျှင် ဟူလီတစ်ယောက်
စိုးရိမ်မကင်းဖြင့်ပြန်လည်မေးမြန်းလိုက်လေသည်။

" ဒေါ်လေး..
ကျွန်မတို့ချည်းပဲဆို စိတ်ချရပါ့မလား "

" စိတ်မပူနဲ့
ထင်းလုံနဲ့ငါ သေချာစီစဉ်ပြီးသား
နင်တို့နောက်မှာကာကွယ်ဖို့လူရှိတယ် ''

ရွှယ်ခူး၏စကားကြားမှ ဟူလီတစ်ယောက်
သက်ပြင်းချနိုင်တော့သည်။

" မင်းကြီး..!
ခုလေးတင် မြို့တော်ဂိတ်ကသတင်းပို့လာပါတယ်
မိဖုရားကြီးအမိန့်တံဆိပ်တော်နဲ့
အရေးတကြီးဖြတ်သန်းခွင့်တောင်းလို့ခွင့်ပြုလိုက်ရပါတယ်တဲ့ "

သွမ့်ခိုင်ဖခင်၏လျှောက်တင်သံအဆုံးဝယ်
လီကျင်ရှီးမှာ နေရာမှထရပ်လျက်

" ဘာ..!
အဲ့တာ ရွှယ်ယွဲ့တို့ပဲဖြစ်လိမ့်မယ်
သွမ့်ခိုင်..!
ငါတို့ ချက်ချင်းအမြန်လိုက်ရအောင် "

" အမိန့်တော်အတိုင်းပါ "

"ပြီးတော့ စစ်ဆေးရေးမှူးသွမ့်.!
အမိန့်တော်နာခံပါ
နောက်ထပ်မြို့တွေဆီ ခုချက်ချင်းအရေးပေါ်အမိန့်ပြန်လိုက်
မယ်တော်ကြီးအမိန့်ပဲဖြစ်ဖြစ်
ငါကိုယ်တော့်ခွင့်ပြုအမိန့်မပါပဲ ဘယ်သူမှဖြတ်သန်းခွင့်မရှိဘူးလို့
ဦးရီးတော်က မြို့ကိုရှာဖွေနေတဲ့ရဲမက်တွေကို
ချက်ချင်းတပ်ဆုတ်ခိုင်းလိုက်
လူစုပြီး နောက်ကလိုက်ခဲ့ပါ "

" မောင့်ငွေနှင်းဧကရီ "(Completed)Where stories live. Discover now