Unicode
မောင့်ငွေနှင်းဧကရီ (၁၅)
" ဘာရေနွေးကြမ်းများနှပ်နေတာလဲကွယ် "
" ရှင်..!
အယ်..ဟို
ရွှယ်ယွဲ့ ဘွားတော်ကိုဂါဝရပြုပါတယ် "သူမအားရုတ်တရက်ကြီးမြင်တွေ့ရပြီးနောက်
အယောင်ယောင်အမှားမှားဖြစ်နေသော
ရွှယ်ယွဲ့အား ဘွားတော်ကြီးမှ ညင်သာစွာမေးလိုက်လေသည်။" ထိတ်လန့်သွားလားကွယ့်
အဘွားကြီးက အကြောင်းမကြားပဲရောက်လာခဲ့လို့ "" မ..မဖြစ်ပါဘူးရှင့်
ကြွပါ...ဘွားတော်...!
ဟူလီ
ဘွားတော်အတွက် နွေးထွေးစေတဲ့အခင်းတစ်ခုခုယူလာခဲ့ချေ "ဟူလီဆိုတဲ့ကလေးမလေးက ဟုတ်ကဲ့မမဆိုပြီးထွက်သွားလျှင် ဘွားတော်ကြီးမှာ
ရွှယ်ယွဲ့၏ ခန်းဆောင်တစ်ခုလုံးကို
သေချာအကဲခတ်ကြည့်ပြီးနောက် သက်ပြင်း
ချလိုက်လေငည်။
စိတ်ထဲ၌လည်း ဤနှယ်တွေးလျက်ရှိလေသည်။
( တကယ့်ကို မိဖုရားတစ်ပါးအတွက် ခမ်းနား
ထည်ဝါမှု့ဆိုတာတွေ ဘာမှမရှိပါလား
ဝတ်ဆင်ထားတာကလည်း သာမန်လူတွေဝတ်ဆင်လေ့ရှိကြသည့်အဝတ်အထည်ကိုမှ
ရိုးရိုးရှင်းရှင်းအဖြူရောင်ဝတ်စုံလေးနဲ့
ယုတ်စွအဆုံး ထိုမိန်းကလေးထိုင်နေသော
ရေနွေးကြမ်းနှပ်တဲ့နေရာကတောင် ကြမ်းပြင်ပေါ်မှာ
ရွှယ်ယွီသာ သူမမြေးမလေး ခုလိုနေ..နေရတာသိရင် ဘယ်လောက်ရင်နာလ်ုက်မလဲ )ခဏကြာတော့ ဟူလီမှာ
လက်လုပ်မွှေးပွအခင်းလေးတစ်ခုယူလာပြီး
ဘွားတော်အတွက်ခင်းပေးသွားလေသည်
ဘွားတော်ကြီးမှာ သူမနှင့်အတူပါလာသော
မင်းသမီး၏အကူအညီဖြင့် ထိုနေရာ၌ဝင်ထိုင်လိုက်လေသည်။" မင်းလဲ ထိုင်လေ"
ဘွားတော်ကြီးမှာ ထိုသို့ဆိုလျက် ရွှယ်ယွဲ့၏
မျက်နှာအားသေချာကြည့်ရှု့နေလေတော့သည်။
အင်း..ကျင်ရှီး စွဲလန်းမယ်ဆိုလည်းစွဲလန်းချင်စရာ
ဘာအဆောင်အယောင်အပြင်အဆင်မှမရှိပဲနဲ့ကို နတ်သက်ကြွေသလားထင်မှတ်မှားမိအောင် လှရက်လွန်းတာကိုး
ဒါ့အပြင် မိန်းမဆန်ပြီး နူးညံ့သိမ်မွေ့တယ်
စိတ်သဘောထားလေးလည်းကောင်းတယ်ဟုတွေးလျက်ရှိနေလေသည်။
YOU ARE READING
" မောင့်ငွေနှင်းဧကရီ "(Completed)
Historical Fictionမင်္ဂလာဦးခန်းထဲက ကုတင်ထက်တွင် မလှုပ်မယှက်ထိုင်နေသော ရွှယ်ယွဲ့ သူမဘေးနားသို့အသာအယာဝင်ထိုင်လိုက်လျှင် တဖက်သို့ရွေ့သွားလေသည်။ သူကတိုး သူမကရွေ့နှင့် တဖြည်းဖြည်းကုတင်စွန်းသို့ရောက်လာကြလေသည်။ ထိုအခါ ရွှယ်ယွဲ့တစ်ယောက် မတ်တပ်ထရပ်လျက် နေရာမှထွက်ခွာဟန်ပြင်နေလ...