Unicode
မောင့်ငွေနှင်းဧကရီ (၇)
ဟူကျေးရွာကို ဘာကြောင့်အလွယ်တကူသိမ်းနိုင်ခဲ့တာလဲဆိုရင်
ပထမအချက်က..
ရှင်ကျန်းဟာ က်ိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ပြည်နယ်ဆိုပေမယ့် တာ့ထန်လက်အောက်ခံ
ဖြစ်နေတုန်းပဲမို့
တာ့ထန်စစ်သည်တွေ နယ်စပ်ကိုစစ်ချီထွက်ကြတဲ့အခါပဲဖြစ်ဖြစ် ပြန်ဝင်လာတဲ့အခါမှာပဲ
ဖြစ်ဖြစ် ရှင်ကျန်းကိုဖြတ်ရတယ်။
ဒါကြောင့် သူတို့တွေရှင်ကျန်းကိုအလွယ်ကူ
ဝင်ရောက်နိုင်ခဲ့တာပင်
နယ်စပ်ကိုစစ်ချီတကတ်တယ်ဆိုသော လှည့်
စားချက်နဲ့ပေါ့။
ဒုတိယအချက်က..
များသောအားဖြင့် ယွီဖုန်းရွှယ်ဟွားကလူတွေ
ဟာ အမြဲတစေ ဟူကျေးရွာမှာမရှိကြဘူး
များသောအားဖြင့် စီးပွားရေးကိစ္စတွေအတွက် ပြင်ပလောကဆီလှည့်လည်သွားနေ
ကြတာများတယ်။
ဒီအချက်ကိုအခွင့်အကောင်းယူပြီး ဟူကျေး
ရွာကိုဝင်ရောက်စီးနင်းခဲ့တာပင်
ဒါကြောင့်လဲ သူတို့ဝင်ရောက်လာတော့ ဟန့်
တာမယ့်လူက ကိုယ်ရံတော်တပ်ဖွဲ့လောက်
သာရှိတာကြောင့် အင်အားသုံးပြီး အလွယ်
တကူအနိုင်ယူနိုင်ခဲ့တာပဲ
ရွှယ်ယွဲ့အစ်ကိုယွီကျန့် နှင့် ဖခင်ဆိုသူကိုတော့ အတော်လေး
ရင်ဆိုင်ယူခဲ့ရသည်။
ယွီကျန့်တဲ့ ဒီကောင်က
ရွှယ်ယွဲ့ဆိုသွေးသားတော်စပ်မှု့ကအဝေးကြီး
စုံးစမ်းရသလောက် ဒီကောင်က ရွှယ်ယွဲ့ကို
သဘောကျနေပုံရသည်။
ယွီမျိုးနွယ်ရဲ့အရိပ်ကိုယ်ရံတော်ခေါင်းဆောက်ဖြစ်ပြီး ရွှယ်ယွဲ့အတွက်ဆို အသက်ပင်စတေးမည့်ပုံစံရှိတယ်
အဲ့တော့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးလိူက်ရတာပေါ့။
ဒီကောင့်ကိုအသက်ရှင်ခွင့်ပေးထားလို့လည်း
မဖြစ်ဘူး
ဒီကောင်က သိုင်းပညာရောကိုယ်ဖော့ပညာတင်မကဘူး လက်နက်အထိပါဘက်စုံရ
ကျွမ်းကျင်တာဗျ
မိမိတောင် သူ့ကိုမယှဉ်နိုင်ခဲ့ဘူးလေ
ဒီရန်ကြွေးကလည်းရှိသေးတဲ့အပြင် သူ့ရဲ့အချစ်ပြိုင်ဘက်တစ်ယောက်
အဲ့တော့ သေကိုသေရမယ်
သူ ဘယ်လောက်တော်တော် နောက်ဆုံးတော့
တာ့ထန်စစ်သည်တွေရဲ့လက်ချက်အောက်မှာသေခဲ့ရတာပဲမလား
ဒီကောင်နဲ့သူ့ငယ်သားတွေက တာ့ထန်စစ်သည်တွေရဲ့အသက်တွေနှုတ်ယူသွားခဲ့တာ မနည်းမနော
နောက်ဆုံးမှာတော့ ယွီကျန့်သေဆုံးပြီး
ယွီသခင်ကြီးကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်။
ကျင်ရှီး..သူ.ယွီကျန့်ကိုသတ်လိုက်တာမှန်သည်ဟုဆိုရပေမည်
ရွှယ်ယွဲ့မှာ ယွီကျန့်ဆိုသူ၏ရုပ်အလောင်းကိုဖက်လျက် ရှိုက်ကြီးတငင်ငိုခဲ့ပုံထောက်လျှင်
သူမတို့ကြားက သံယောဇဉ်မှာသာမန်တော့မဟုတ်တန်ရာ၊
အမှန်တကယ်ဆို ယွီထျန်း(ယွီသခင်ကြီး)ဆိူသူကိုလည်းသတ်လိုက်လို့ရတယ် ဒါပေမယ့်
သူက ထိုသို့မလုပ်ချင်
ထိုလူကြီးမှာ တစ်ချိန်ကမိမိခမည်းတော်၏သူငယ်ချင်းဖြစ်ခဲ့ဖူးသလို
ရွှယ်ယွဲ့၏ဖခင်လည်းဖြစ်နေ၍ပင်။
ယွီထျန်းနဲ့သာမျှားရင် ရွှယ်ယွဲ့က သေချာပေါက်ထွက်လာမယ်ဆိုတာသိနေလို့
အသက်ရှင်ခွင့်ပေးခဲ့တာ
သူတွေးထင်ထားသလိုပင် ရွှယ်ယွဲ့ဟာ
တကယ်ကြီး သူ့နောက်လိုက်ခဲ့တာပင်။
ဒီမိန်းကလေးဟာ သူ့မိသားစုကိုတော့အတော်
လေး အလေးထားချစ်မြတ်နိုးတယ်ထင်ပါတယ်။
ဒါလဲကောင်းပါတယ် သံယောဇဉ်များတော့
အရေးကြုံရင် သူမမိသားစုနဲ့အကျပ်ကိုင်လို့ရတာပေါ့။
YOU ARE READING
" မောင့်ငွေနှင်းဧကရီ "(Completed)
Historical Fictionမင်္ဂလာဦးခန်းထဲက ကုတင်ထက်တွင် မလှုပ်မယှက်ထိုင်နေသော ရွှယ်ယွဲ့ သူမဘေးနားသို့အသာအယာဝင်ထိုင်လိုက်လျှင် တဖက်သို့ရွေ့သွားလေသည်။ သူကတိုး သူမကရွေ့နှင့် တဖြည်းဖြည်းကုတင်စွန်းသို့ရောက်လာကြလေသည်။ ထိုအခါ ရွှယ်ယွဲ့တစ်ယောက် မတ်တပ်ထရပ်လျက် နေရာမှထွက်ခွာဟန်ပြင်နေလ...