Unicode
မောင့်ငွေနှင်းဧကရီ (၈)
ရွှယ်ယွဲ့..သူမတရေးနိုးလာတော့
ဒေါ်လေးရွှယ်ခူးကိုမတွေ့မိသဖြင့် စိတ်ပူသွား
မိတော့သည်။
ထို့ကြောင့် အပြင်ထွက်ရှာရန်ခြေလှမ်းပြင်နေစဉ်မှာပင် သူမ၏နန်းဆောင်ထဲသို့ မီးအိမ်တွေနှင့်အတူဝင်ရောက်လာကြသော လူတစ်စုကို
တွေ့လိုက်ရလေသည်။
အနားရောက်မှ ဟိုလူနဲ့သူ့ရဲ့ကိုယ်ရံတော်တို့ဖြစ်နေတယ်။
ထိုလူ့နောက်မှာတော့ ဒေါ်လေးရွှယ်ခူးကိုဖမ်း
ချုပ်ထားသော ယန်ရီခွင်းဆိုသူ
ထို့ကြောင့် ကပျာကယာပြေးသွားမိသည်။" ဘာ..ဘာဖြစ်ကြတာလဲ
ဒေါ်လေးကိုဘာလို့ဖမ်းထားကြတာလဲဟင် "သူမ၏အမေးစကားတို့ကိုမဖြေပဲ ထိုလူမှာ
သူမ၏အဆောင်ထဲသို့ဝင်သွားသဖြင့်
နောက်မှအပြေးလိုက်သွားရပြန်လေသည်
အထဲသို့ရောက်သည့်နှင့် ထိုလူမှာ
မတ်တပ်ရပ်နေရင်းက သူမဆီအေးစက်နေသောအကြည့်တို့ဖြင့်" မင်းဒေါ်လေး ငါ့မယ်တော်ကိုလာပြီးလုပ်ကြံဖို့ကြိုးစားတာ မင်းခိုင်းတာလား "
" မ..မဟုတ်..!
ရွှယ်ယွဲ့ သူမ၏စကားတွေမဆုံးလိုက်ပါချေ
အကြောင်းကား ထိုလူမှ သူမကိုဖမ်းချုပ်ကာ
သူမလက်ဖျံကို ဓားဖြင့်လှီးဖြတ်လျက်
သွေးတို့ကိုဖောက်ထုတ်နေပြီဖြစ်သော
ကြောင့်ပင်။
ထို့နောက် သွားကြားထဲကလေသံဖြင့်ဆိုလာသည်က" ငါဘာပြောထားလဲ မင်းမေ့နေပြီလား
ငါ့နယ်မြေထဲမှာ ဘာမှလုပ်ဖို့မကြိုးစားပါနဲ့ဆိုတာကိုလေ
မင်းကြည့်ရတာ ငါ့မိန်းမမြန်မြန်ဖြစ်ချင်နေပုံပဲ
ကောင်းပြီ မနက်ဖြန်မင်္ဂလာဆောင်ဖို့အသင့်ပြင်ဆင်ထား
ဘာဘာညာညာစိတ်ကူးမယ်မကြံနဲ့
မဟုတ်ရင် မင်းရဲ့ဒေါ်လေးနဲ့မိသားစုတွေကို
မင်း..ဒီတသက် နောက်ထပ် ထပ်တွေ့ရမယ်မထင်နဲ့ "ထိုစကားတွေမှာ ခြိမ်းခြောက်မှု့တွေအပြည့်ပါနေတာကို သူမသတိထားမိသည်။
သူမ..ထိုလူကို သူမဖွားတော်ထက်ပင်ပို၍
ကြောက်ပါသည်။
မထင်ရင်မထင်သလိုအော်ငေါက်တတ်ပြီး သူမဆီကသွေးတို့ကိုအချိန်မရွေး ဖောက်ထုတ်တတ်သေးတာ
သို့ပေမယ့်လို့ ဘာတတ်နိုင်မည်နည်း
မိမိမှာ ထိုလူကို တွန်းလှန်နိုင်မယ့်အစွမ်းအစမှမရှိတာ
သူမ စဉ်းစားတွေဝေနေတုန်းပင် ထိုလူရဲ့အသံကထပ်မံပေါ်ထွက်လာပြန်သည်။
YOU ARE READING
" မောင့်ငွေနှင်းဧကရီ "(Completed)
Fiksi Sejarahမင်္ဂလာဦးခန်းထဲက ကုတင်ထက်တွင် မလှုပ်မယှက်ထိုင်နေသော ရွှယ်ယွဲ့ သူမဘေးနားသို့အသာအယာဝင်ထိုင်လိုက်လျှင် တဖက်သို့ရွေ့သွားလေသည်။ သူကတိုး သူမကရွေ့နှင့် တဖြည်းဖြည်းကုတင်စွန်းသို့ရောက်လာကြလေသည်။ ထိုအခါ ရွှယ်ယွဲ့တစ်ယောက် မတ်တပ်ထရပ်လျက် နေရာမှထွက်ခွာဟန်ပြင်နေလ...