အပိုင်း(၁၁)

961 22 0
                                    

Unicode

မောင့်ငွေနှင်းဧကရီ (၁၁)

" လာပြီ သူပဲ.. .ငါတို့ပစ်မှတ်
ဘာအမှားအယွင်းမှမဖြစ်စေနဲ့
ဖြစ်လာခဲ့ရင်ဘာလုပ်ရမလဲ မင်းတို့နားလည်တယ်မလား "

"_ နားလည်ပါတယ်.."
_နားလည်ရင်စတော့ "

ဖုန်းထင်လုံမှ. အချက်ပြလိုက်သည်နှင့်
ဝိညာဉ်တမန်တော်အဖွဲ့မှ
အထူးလေ့ကျင့်ထားတဲ့လက်ရွှေးစင် သိုင်းသမားတွေမှာလှုပ်ရှားရန်အသင့်ပြင်လိုက်ကြလေတော့သည်။
ဒီလိုကိစ္စမျိုးဟာ သူ့အတွက်တော့ သိပ်မခက်ခဲလှပေ။
ထို့နောက်တွင်တော့..
ဖုန်းထင်းလုံတစ်ယောက် သရုပ်ဆောင်ရန်စတင်ပြင်ဆင်လိုက်လေတော့သည်။

လီကျင်ဝေးမှာမူ အကြံသမားတစ်သိုက်၏
အစီအစဉ်အားမသိရှာပဲ သူ၏ခြေလှမ်းတို့ကိုတစ်နေရာဆီသို့ဦးတည့်လိုက်လေတော့သည်။

ကျင်ဝေး..သူ ပျော်ပွဲစားရုံသို့ဝင်ပေါက်ရှိရာ
လမ်းကြားလေးထဲကွေ့ဝင်လိုက်လျှင် သူ၏
နောက်မှခြေသံတစ်ချို့ကြားလိုက်ရပြီးနောက်
အရာအားလုံးဟာမှောင်မိုက်ခြင်းအတိသို့၊
ကြည့်ရတာ လူတစ်ယောက်ဟာ
မိမိကိုအဝတ်အိတ်ထဲထည့်ပြီးတစ်နေရာသို့
ဖမ်းဆီးခေါ်ဆောင်သွားပုံရလေသည်။
ပစ္စည်းလုချင်လို့ပဲနေမှာပေါ့
မနေ့က ပျော်ပွဲစားရုံမှာ သူ့ကိုအကဲခတ်နေတဲ့လူတစ်ချို့ကိုတွေ့ခဲ့သေးတယ်။
အဲ့ထဲ သူက ငွေသုံးနိုင်တာသိတော့ လုယက်ချင်ကြတာနေမှာ
ထို့ကြောင့် ရုန်းကန်ခြင်းမပြုပဲအသာငြိမ်နေမိသည်။
ဒီလူလောက်ကတော့ လီကျင်ဝေးတို့ကစာမဖွဲ့ပါဘူးလေ
အတော်အတန်သွားပြီးသောအခါ သူ့ကိုမြေပြင်၌ ပစ်ချလိုက်တာကိုခံစားမိလိုက်သည်။

" ခွေးသူတောင်းစားတွေ
လူကို ဖြေးဖြေးချပါဟ
အရိုးတွေကျိုးကုန်တော့မှာပဲ "

ဤနှယ် ပစ်ပစ်နှစ်နှစ်ဆဲရေလိုက်လျှင်
ချည်ထားသောအဝတ်အိတ်ကိုပြေသွားသည့်အခါ  မြို့ပြင်ရှိအဆောက်အဦးပျက်တစ်လုံး
ဖြစ်နေလေသည်။
မိမိအားဖမ်းဆီးလာသောလူတွေမှာ ငါးဦးခန့်ရှိနေတာကိုမြင်လိုက်ရလေသည်။

" မောင့်ငွေနှင်းဧကရီ "(Completed)Where stories live. Discover now