Unicode
အောက်ပိုင်းတစ်ခုလုံး စေးကပ်ကပ်ကြီး ဖြစ်နေတာမို့ နေဥတ္တရာမှာ ဆက်မအိပ်နိုင်တော့ ။
တစ်ကယ်လည်း သူတစ်ညလုံးမအိပ်ရသေးပါဘူး ။ ဝီရဦးခေါင် အတင်းတောင်းတောင် ငြင်းလို့ရမှန်းသိရက်နဲ့ သူဘာလို့ ဒီဇာတ်လမ်းထဲလိုက်ပါခဲ့သလဲဆိုတာကို ပြန်တွေးရင်းအိပ်မပျော်တော့ ။
ဝီရဦးခေါင် ထသွားတာကိုလည်း သူသိတယ် ။ သူကလွဲ ပြီး ဘေးနားက အရာဝတ္ထုမှန်သမျှကို သန့်ရှင်းပေးသွားတာလည်း သူသိနေတယ် ။ လုပ်ချင်တာလုပ်ပြီးသွားတော့ ကိစ္စပြီးပြီပေါ့ ။
နေဥတ္တရာက သူ့ကို ဒီအတိုင်း ကြီး ထားခဲ့လို့လည်း မကျေမနပ်ဖြစ်နေမှာ မဟုတ် ။ ရေချိုးရင်းနဲ့ သူ့ဘာသာသူလည်းတစ်ကိုယ်ရေသန့်ရှင်းရေး ပြန်လုပ်လို့ရတာပဲ ။
ဝီရဦးခေါင် စောင်လေးခြုံပေးထားခဲ့တာကိုပဲ ကျေးဇူးတင်ရမယ် ။
များများစားစား တွေးမနေတော့ဘဲ အားတင်းပြီး ထထိုင်လိုက်သည် ။
စောင်နဲ့အိပ်ယာခင်းတွေ အသစ်လဲ အဟောင်းတွေကိုရေချိုးရင်းနဲ့တစ်ခါထဲလျှော်ဖို့ ရေချိုးခန်းထဲ ယူလာလိုက်တယ် ။
မှန်ထဲက သူ့ပုံစံက အလွန်အမင်းကို ညိုးလျော်နေကာ ဝီရဦးခေါင် ပေးထားတဲ့ marking ရာ တွေ လည်း ရင်ဘတ်နဲ့ လည်တိုင်တစ်လျှောက် နေရာအပြည့် ။
သူပဲ နားကြားမှားတာလား မသိပေမဲ့ အောက်ထပ်မှာ တစ်ယောက်ယောက် ဒေါသတကြီးနဲ့သောင်းကျန်းနေသလိုပဲ ။ စောစောစီးစီးကို ဝီရဦးခေါင် ပေါက်ကွဲနေတာလား ။
ထားလိုက်ပါတော့ များများစားစားတွေးမနေတော့ဘဲ နေနေ ရေမြန်မြန်ချိုးကာ ပြန်ထွက်လာလိုက်သည် ။
" မင်းကို ဘယ်က ကောင်လဲ လို့ ငါမေးနေတယ် နော် "
သေချာပါပြီ အောက်မှာ တစ်ခုခုတော့ ဖြစ်နေပြီ ။ နေနေ လည်ပိတ်ဆွယ်တာအပြာနုလေးနဲ့ တွေ့တဲ့ ဆွဲသားဘောင်းဘီမိုးပြာလေးကိုအမြန်လျိုကာ အောက်ကိုအမြန်ဆင်းသွားလိုက်ရသည် ။
" နေဥတ္တရာကို လာတွေ့တာလား မထသေးဘူး မနေ့ညက ငါ့လက်ချက်နဲ့ အိပ်ယာထဲလဲနေပြီ "
YOU ARE READING
CEO's Possessively Boyfriend
RomanceThe entire story line and character names are just the imagination of the author.