Chapter 21

64.4K 3.2K 581
                                    

Unicode

နေဥတ္တရာမှာ အခုထိ အသက်ပင် ဖြောင့်ဖြောင့်မရှူရဲ ။

သူလှုပ်ရှားလိုက်တာနဲ့ အထဲက ဟာလေးပါ လိုက်လှုပ်သွားမှာလား မသိဘူး ။

အဲ့ဒါကို တွေးပူပြီး ဗိုက်ကလေးကို စမ်းပြီး အသာထိကြည့်လိုက် ဝီရဦးခေါင် မျက်နှာကြီးကို ကြည့်လိုက်လုပ်နေမိတယ် ။

မဟုတ်ဘူး ထင်တယ် ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူ့ဗိုက်ထဲမှာ ကလေးလေးရှိနေပြီဆိုတာ ။ ဆရာဝန်မက မှားပြီးများပြောလိုက်တာလား ။

သူတစ်ယောက်ထဲ မျက်လုံးလေး ကလယ်ကလယ်လုပ်နေပုံကို ဝီရဦးခေါင်က စိုးရိမ်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေပြန်သည် ။

" နေနေ ဘာမှမဖြစ်ဘူးနော် "

" မင်း ။ မင်း ငါ့ကို စနေတာမဟုတ်ဘူးလား "

" စရမဲ့ ကိစ္စလားကွာ နေနေကလည်း "

" တစ်ကယ် "

" ဟုတ်တယ် တစ်ကယ်ဆို ။ ကုက္ကိုလ်ကိုင်းထိတဲ့နေ့ထဲက ဆေးရုံက ဆရာမက ခင်ဗျားဗိုက်ထဲမှာ ကလေးလေးရှိနေပြီလို့ ပြောခဲ့တာ ချက်ချင်း ပြောလိုက်ရင် ခင်ဗျား လန့်သွားမှာ ဆိုးလို့ "

" မယုံပါဘူး ငါ့ဗိုက်ထဲ ကလေးရှိစရာလား "

" နေဥတ္တရာ "

" တခြားဟာနဲ့ စစမ်းပါ ဖိုးခေါင် ရာ "

နေဥတ္တရာ ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ ဖင်ပိတ်ငြင်းနေပေမဲ့ ဝီရဦးခေါင် စနေတာလို့ ပြောရအောင်လည်း အခန်းထဲက ကလေးပစ္စည်းတွေနဲ့ အရုပ်တွေက အလကားသက်သက်သူ့ကိုစဖို့ အတွက်နဲ့ဝယ်ထားတာ မဖြစ်နိုင် ။

တွေးရင်းတွေးရင်းကို ခေါင်းတွေက ချာချာလည်ကာ နေနေ မူးနောက်လာသည် ။

" နေနေ အများကြီး မတွေးနဲ့ "

" ဒါဆို .. ဒါဆို ငါက တစ်ကယ် တစ်ကယ်ကြီးပေါ့ "

" အင်း ဟုတ်တယ် ခင်ဗျား မပျော်ဘူးလား "

ပျော်လားဆိုတော့လည်း မဟုတ်ဘူး ဒါဆို မပျော်ဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး ။ နေနေ အခုလောလောဆယ်တော့ တစ်ယောက်ထဲသာနေချင်သည် ။

CEO's Possessively Boyfriend Where stories live. Discover now