Unicode
" ခင်ဗျား ကျုပ်အဖေကို မြူဆွယ်နေတာ အခုချက်ချင်း ရပ်လိုက်တော့ နေဥတ္တရာ "
နိုးနိုးချင်း ကို မြင်လိုက်ရတဲ့ မြင်ကွင်းက အဆင်မပြေ ။ ဒယ်ဒီ့ရင်ခွင်ထဲ ကျောပေးထားပြီး ပြုံးနေတာများ ဒီလူ အိမ်မှာတောင် မရှောင်နိုင်ဘူးလား ။ ပြီးတော့ ဒယ်ဒီရော ဘာလို့ ဒီလောက်မွှန်နေရတာလဲ ။
" ဘာလဲ မင်းအဖေကို မြူဆွယ်နေတာ ရပ်ပြီးမင်းကို လာမြူဆွယ်ရမှာလား မင်းဆိုရင်တော့ ငါက စိတ်မဝင်စားဘူးနော် ။ အန်ကယ် ဂရုမစိုက်နဲ့ ဆက်ပြီး လုပ်ပေး "
ကြည့်စမ်း နေဥတ္တရာက ဒါသူ့ကို စောက်ဂရုမစိုက်ဘူးဆိုတဲ့သဘောပေါ့ ။ ဒယ်ဒီကပါ ရယ်နေလိုက်သေးတယ် ။
" ခင်ဗျားကို ကျုပ်သတ်တော့မှာ နေဥတ္တရာ ! ရပ်လိုက် ဒယ်ဒီ "
" ဖိုးခေါင် ဒယ်ဒီက မင်းအကို အင်္ကျီ ဇစ်ဆွဲတာ ဇစ်မမှီလို့ တပ်ပေးနေတာပါ သားရယ် ပြီးတော့ "
" မပြောနဲ့ ခင်ဗျားတို့ပါးစပ်က ထွက်တဲ့ဘာစကားမှ ကျုပ်မယုံဘူး ရှင်းရှင်းပြောရရင် ခင်ဗျား တို့ ဒီလိုအပြုအမူတွေကြောင့် မာမီဆေးရုံတက်ရတာလေ ကိုယ့်မိန်းမတစ်ယောက်လုံး ဒီလောက် ထိဖြစ်နေတာတောင် ခင်ဗျား က ဒီလူ့အနားမှာနေနေသေးတယ်နော် "
ဒယ်ဒီက သူ့ကိုစိတ်ကုန်သလိုကြည့်လာတာမို့ ဝီရဦးခေါင် လက်သီးကိုသာတင်းတင်းဆုပ်ထားမိသည် ။
အဲ့ဒါ နေနေ့ကြောင့် ဒယ်ဒီ သူနဲ့မာမီကို မချစ်တော့တဲ့ အဓိကတရားခံက နေဥတ္တရာပဲ ။
" တော်လိုက်တော့ ဝီရဦးခေါင် မင်းမျက်လုံး ပါရင် ငါနဲ့ အန်ကယ် ဘာလုပ်နေလဲ ဆိုတာ မြင်နိုင်တာပဲ တစ်ဖက်ပိတ်မနေနဲ့ မင်း! လွှတ်စမ်း အောက်ချပေး အောက်ချပေးလို့ ပြောနေတယ်လေ "
" နေနေ ခင်ဗျား ငြိမ်ငြိမ်နေစမ်း "
" ခွေးသူတောင်းစား ငါကုမ္ပဏီသွားရဦးမှာ ဘာအကြောင်းနဲ့ မှ ငြိမ်ငြိမ်နေစရာ မလိုဘူး "
အစကတော့ စိတ်ကိုတတ်နိုင်သလောက်လျှော့ပေမဲ့ ဒီလူက ဒီအတိုင်း ထားလို့တော့ မရတော့တာမို့ ခါးကနေ ဆွဲမပြီး ပုခုံးပေါ်တင်ကာ အပေါ်ထပ်ကို ခေါ်လာလိုက်သည် ။

YOU ARE READING
CEO's Possessively Boyfriend
RomanceThe entire story line and character names are just the imagination of the author.