Chapter 27

58.3K 3.4K 527
                                    

Unicode

နေနေ့မှာ အိပ်မက် မက်နေတာပဲလား ဒါမှမဟုတ် သူပဲ ဝီရဦးခေါင်ကို လွမ်းလွန်းလို့ စိတ်စွဲပြီး မြင်ချင်ရာတွေ မြင်နေတာ ဖြစ်မှာစိုးလို့ ငြိမ်ငြိမ်လေးပဲ ရပ်ကြည့်နေပြီး နေရာကနေ ခြေတစ်လှမ်းတောင် မရွေ့မိ ။

ကြောက်လည်းကြောက်တယ် စိုးလည်းရိမ်တယ် ဘာလို့ဆို သူလှုပ်ရှားလိုက်တာနဲ့ ဝီရဦးခေါင် သူ့မျက်စိရှေ့က ပျောက်ကွယ်သွားမလား မသိတဲ့ အခြေနေကြီးကိုလေ ။

" ခင်ဗျား အဆင်ပြေရဲ့လား "

နေနေ အယောင်ယောင်အမှားမှားနဲ့ ခေါင်းသာ ငြိမ့်ပြလိုက်မိတယ် ။

ငါးနှစ်လုံးလုံး မတွေ့ရတဲ့ သူ့ကောင်လေးဟာ အခုတော့များ သူစိုးရိမ်ခဲ့ရသလို ထိခိုက်ဒဏ်ရာတစ်ခုလေးမှမရှိဘဲ ကောင်းကောင်းမွန်မွန်အနေအထားနဲ့ မျက်စိရှေ့တည့်တည့်မှာရှိနေတာကိုပဲ ဝမ်းသာရမလား နေနေ့ကို တွေ့နေတာတောင် အကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲ ဒီအတိုင်းရပ်ကြည့်နေတာကိုပဲ စိတ်ဆိုးပစ်လိုက်ရမလား နေနေလည်း မသိတော့ပါ ။

အနည်းဆုံးတော့ နေနေ့ဆီ ပြေးလာပြီး အကြောင်းပြချက် တစ်စုံတစ်ရာပေးရင်းနဲ့ တင်းနေအောင် ဖက်ထားရမှာလေ ။

အကြောင်းပြချက် မပေးနိုင်ရင်တောင် နေနေကစိတ်မဆိုးဘဲ ခွင့်လွတ်ပြီးသားပါ ။ ဒါပေမယ့် ဒီလောက် လွမ်းနေခဲ့ရတာ ကို ဝီရဦးခေါင်က သိရက်သားနဲ့ ဖက်တော့ ဖက်ထားပေးသင့်တယ်မလား ။

" ဒီကျောင်းရဲ့ ဒါရိုက်တာချုပ်ဖြစ်တဲ့ ဝီရဦးခေါင် မကြာခင် လက်ထပ်ယူတော့မဲ့ ဇနီးလောင်းပါ ယမင်းငုဝါလို့ ခေါ်ပါတယ် "

ရင်ထဲက လှိုက်တက်လာနဲ့ ခံစားချက်တွေနဲ့အတူ မျက်စိရှေ့က လူဆီ ကို အပြေးသွားဖို့ ပြင်လိုက်ပေမဲ့ သူသွားဖို့ ပြင်လိုက်တဲ့ခဏမှာပဲ ဝီရဦးခေါင် လက်မောင်းကို လှမ်းချိတ်ပြီး သူတို့ကို မိတ်ဆက်လာတဲ့ မိန်းကလေးကြောင့် နေနေ ခြေလှမ်းတို့ကနေရာမှာတင် ရပ်တန့်သွားရသည် ။

" ဒါရိုက်တာချုပ်ကြီးနဲ့ အရမ်းလိုက်တာပဲ သမီးလေးရယ် နေနဲ့လရွှေနဲ့မြအတိုင်းပဲ "

CEO's Possessively Boyfriend Where stories live. Discover now