Chapter 19

61.5K 3.2K 616
                                    

Unicode

နေနေ မြင်ချင်တဲ့သူကိုမြင်လိုက်ရပြီမို့ ဝီရဦးခေါင်အနားကို ကလေးတွေပြေးသလို လုံးလုံး လုံးလုံးနဲ့ပြေးသွားလိုက်သည် ။

" ဝီရဦးခေါင် ငါ အင့် "

အားရပါးရ ဖက်မို့ ရှိသေး သူ့ကို ရှောင်လိုက်တဲ့
ဝီရဦးခေါင် ကြောင့် နေနေ့မှာ အရှိန်လွန်ပြီး အနောက်ကဓာတ်တိုင်ကြီးကိုသာ ဖက်မိသွားကာ ကားကားကြီးဖြစ်နေလေသည် ။

" မင်း! အာ့ နာလိုက်တာ ငါ့နဖူး "

တိုင်နဲ့ခေါင်းနဲ့ပါ ဆောင့်သွားတာမို့ နေနေတစ်ယောက် မျက်ရည်တွေ ပါဝဲလာပြီ ဒါတောင် လျှာထိုးဦးထုပ်ခံထားလို့ သိပ်မနာသွားတာ ။

ဝီရဦးခေါင်း မကောင်းတဲ့ကောင်စုတ်ကလေး သူက သတိရနေလို့ ဖက်မို့ဟာကို ။

" ပြန်မယ် မျက်ရည်ကျမနေနဲ့ နေဥတ္တရာ "

" ဖက်ထားရအောင် လာစမ်းပါ ဖိုးခေါင်လေးကလည်း "

နေနေ လက်ဆန့်ပေးလိုက်ပေမဲ့ ဖိုးခေါင်ကတော့ သူ့ကိုရှောင်ကာ ရှေ့ကနေထွက်သွားနှင့်လေပြီ ။

သူ့ကို အတည်ကြီး ကို ဝီရဦးခေါင် စိတ်ဆိုးနေတာပဲ ။ တစ်ညနဲ့တစ်ညနေခင်းလေး ထွက်သွား တာကို စိတ်ကဆိုးရသေးတယ် ကလေးကျလို့ မခေါ်လည်းနေပေါ့ ။

" မင်းလက်က ဘာဖြစ်တာလဲ "

" ခင်ဗျား စောက်လုပ်လား ခင်ဗျား နဲ့ ဆိုင်လား "

" ငါက အကောင်းမေးတာကို "

" ခင်ဗျား ကိစ္စ လားလို့ ကျုပ်မေးနေတယ်လေ "

ကားထဲ ဝင်ထိုင်ပြီးတာနဲ့ နေနေ သူ့လက်ကဒဏ်ရာကိုမြင်ပြီးစိတ်ပူသွားလို့ မေးလိုက်ပေမဲ့ ပြန်ရလာတဲ့အဖြေက သိပ်တော့ အဆင်မပြေ ။

ဘာပဲဖြစ်ဖြစ် သူက အကြီးဆိုတော့ နည်းနည်းတော့ လျှော့လိုက်ပါမယ်လေ ။ မှားတာကလည်း သူပဲဟာကို ။

" ငါ တောင်းပန်ပါတယ် ဝီရဦးခေါင် "

" လုပ်ချင်တာ လုပ်ပြီးသွားတိုင်း ခင်ဗျားအကျင့်က ဒီအတိုင်းပဲ ကျုပ်ကိုဆို စောက်ဂရုမစိုက်ဘူးလေ ဟုတ်တယ်မလား "

CEO's Possessively Boyfriend Where stories live. Discover now