Chapter 13

52.6K 3K 336
                                    

Unicode

" ပြီးပြီလား ကျုပ်ကိုမှီထား လဲကျမယ် "

" နေနေ ပြောနေတယ်လေ စကားနားထောင် "

" နေဥတ္တရာ ခင်ဗျား ဖြည်းဖြည်း လျှောက် "

အခုမှလာပြီး လူကို ဂရုစိုက် ပြနေတဲ့ကောင်ကို နေဥတ္တရာ အနောက်မှာချန်ကာ ရှေ့ကထွက်လာလိုက်သည် ။

" နေနေ စောင့်ဦး နေမကောင်းဖြစ်နေတာ "

ဆေးဖိုးရှင်းနေရင်းနဲ့ကို ထအော်သူကြောင့် ကောင်တာက ဆရာမလေးတွေကလည်း သူ့ကို
လှည့်ကြည့်လှည့်ကြည့် လုပ်နေတာမို့ နေနေ ဒေါသက ပိုထွက်လာတယ် ။

နေမကောင်းဖြစ်အောင် ဘယ်သူလုပ်တာ ကျလို့ ။

" နေဥတ္တရာ ခင်ဗျား အကြောမတင်းနဲ့ "

" လွတ် ငါ့ကို လာမထိနဲ့ "

သူ့ကိုလှမ်းဆွဲလာတဲ့ ဝီရဦးခေါင် လက်ကို ပုတ်ထုတ်ပစ်ပြီး ကားနားကို ပြေးသွားကာ အထဲဝင်ထိုင်နေလိုက်သည် ။

ဖြစ်နိုင်ရင် ဒီကောင့်မျက်နှာကို မြင်လည်းမမြင်ချင်တော့ပါ ။

သူ့စေတနာမေတ္တာတွေကို တန်ဖိုးမထားတဲ့ကောင် ။

" ဘာဖြစ်လို့ စိတ်တိုသွားရတာလဲ ခင်ဗျား ကို ဆေးခန်းလည်း လိုက်ပို့ရသေးတယ် "

" မင်းပို့ရမှာ တာဝန်ပဲလေ မင်းကြောင့် ငါ အခုလို နေမကောင်း ဖြစ်တာ ပြီးတော့ "

နေနေ သူ့အောက်ပိုင်းကို ကြည့်လိုက်တော့ဝတ်ထားတဲ့ပုဆိုးအကွက်က အန်ကယ့်ကို သူဝယ်ပေးထားတဲ့ ပုဆိုးဖြစ်နေတာမို့ ချက်ချင်းဆွဲချွတ်ဖို့ပြင်လိုက်သည် ။

" ဟ! ခင်ဗျား ဘာလုပ်တာလဲ နေဥတ္တရာ ပုဆိုး ကို ဘာလို့ ဆွဲချွတ်တာလဲ "

ပုဆိုးခါးပုံစ ကို ခပ်တင်းတင်းကိုင်ထားကာ နေနေ လုံးဝမလွှတ်ပေး။

" ငါဝယ်ပေးထားတွေ မသတီဘူးဆိုပြီး မင်းပြောတာလေ အဲ့ဒါဆို ဒီပုဆိုးလည်း ချွတ်ပြီး မီးရှို့လိုက်လေ ဒါလည်း အန်ကယ့်ကို ငါ ဝယ်ပေးထားတဲ့ပုဆိုးပဲ မင်းသိလား ဝီရဦးခေါင် "

" ခင်ဗျား လက်ကို အခုလွှတ်လိုက် နေဥတ္တရာ ပုဆိုးကျွတ်ကျသွားရင် ခင်ဗျား ပဲ ခင်ဗျား မမြင်ချင်တဲ့ ကျုပ်ရဲ့ ရေတိုင်ကီ ကို မြင်ရမှာနော် "

CEO's Possessively Boyfriend Where stories live. Discover now