Unicode
ဝီရဦးခေါင်မှာ အိမ်ပြန်ရောက်ရောက်ချင်း
ဧည့်ခန်းမှာထိုင်နေသည့် ဒယ်ဒီ့ကြောင့် တမင်ပင် အနားသွားကာ အင်္ကျီပေါ်က ဖုန်တွေကိုခါထုတ်ပစ်လိုက်တယ် ။တစ်ကယ်တမ်းတော့ သူ့အင်္ကျီပေါ်မှာ ဖုန်ကတစ်စက်လေးတောင် ရှိမနေဘူး ။
နေနေကတော့ လိုက်မလာသေးဘဲ လမ်းတစ်ဝက်နဲ့တင် အလုပ်ကိစ္စရှိလို့ဆိုပြီး ဟိုဘက်က ဖုန်းပြန်ခေါ်တာကြောင့် တစ်ခေါက်ပြန်သွားရပြန်သည် ။
" ဖိုးခေါင် "
" နေနေ ဝယ်ပေးတာလေ သူ့ယောကျ်ားက ဒီ brand ကြိုက်မှန်း သိလို့တဲ့ "
" ဟင် "
သူပြောတာကို ဘာမှန်းမသိဖြစ်နေသည့် ဒယ်ဒီ့ကို ဝီရဦးခေါင် ခပ်ဟဟရယ်ကာ သူ့ကိုယ်ပေါ်က အင်္ကျီကိုလက်ညိုးထိုးပြလိုက်သည် ။
" 12 သိန်း 1 သောင်းတောင် ပေးရတယ် ဒယ်ဒီ ဒယ်ဒီရော ကျုပ်လို နေနေပေးတာ ရဖူးလား "
" ရဖူးတယ် "
" ဘာ! ရဖူးတယ် ဘယ်မှာလဲ ကျုပ်ကိုပြဦး ဒယ်ဒီ အခုပြအခုပြ "
နေဥတ္တရာ နေဥတ္တရာ ခင်ဗျားကတော့ သေချင်နေတာ ။
သူတစ်ယောက်ထဲကို ဝယ်ပေးတာ မဟုတ်ဘူးပဲ ။ ပြီးတော့ နေနေဝယ်ပေးတာကို ဒယ်ဒီကအရင်ရသွားတာ ကျစ်!။
" ဖိုးခေါင်လိုတော့ 12 သိန်း 1 သောင်းတန် မဟုတ်ပါဘူး ဒယ်ဒီ့ကို နေနေဝယ်ပေးတာ သောင်းကျော်တန် ခါးပတ်ကလေးပါ "
" အဲ့ဒီ့ခါးပတ်ကို ပေါက်စျေးထက်ပိုပေးပြီး ကျုပ်ပြန်ဝယ်မယ် ကျုပ်ကို ပြန်ရောင်းပေး ဒယ်ဒီ "
" သားရယ် မင်းက ကလေးလား နေနေက
ဒယ်ဒီ့ကိုအရင်နှစ်သီတင်းကျွတ်က ဝယ်ပေးတာ ပါ ပြီးတော့ ဒယ်ဒီ့ဆီလည်း မရှိတော့ဘူး ဒယ်ဒီ ပစ်လိုက်ပြီ "" ဟမ့်! ပြီးတာပဲ နောက်ပြီး ဒယ်ဒီ့ကို နေနေဝယ်ကန်တော့ထားတဲ့ ပစ္စည်းတွေ ကျုပ်ကို အကုန်ပြန်ရောင်း စျေးပိုပေးမယ် နောက်ကျ ဒယ်ဒီတစ်ခုခုလိုရင် ကျုပ်ပဲ ဝယ်ပေးမယ် အဲ့လူပေးတာတွေ မယူနဲ့ အဲ့လူက မကောင်းဘူး "
" နေနေပေးတာ ဘာဖြစ်လို့လဲ "
" သူက ဒယ်ဒီ့ကို ပစ္စည်းတွေ ပေးပြီး ဖြားယောင်းနေတာ ဒယ်ဒီအသိဆုံးနေမှာပေါ့ "
YOU ARE READING
CEO's Possessively Boyfriend
RomanceThe entire story line and character names are just the imagination of the author.