Chapter 15

189 6 0
                                        

Chapter 15.  မှတ်ဉာဏ်ကောင်း၊ သူနဲ့အတူတစ်နှစ်တည်း၊ တစ်လတည်းသေဖို့ပဲ

သူမနားမှာပြဿနာရှိနေတာ ဒါမှမဟုတ် သူမကြားနိုင်စွမ်းမှာတစ်ခုခုမှားယွင်းနေတာလို့ ချီဟွမ်တွေးမိလုနီးပါးပဲ။

"ငါစီနီယာနဲ့ညစာသွားစားမှာကို နင်ပါလိုက်ချင်တယ်လို့ အခုပြောနေတာလား?"
သူမပြန်မေးလိုက်သည်။

ချွီကျန်းရှန် တည်ငြိမ်စွာခေါင်းညိတ်ပြီး..."ပြဿနာရှိလို့လား?"

"......"
ပြဿနာမှအကြီးကြီးရှိတယ်နော်!

ချီဟွမ် ချွီကျန်းရှန်ကိုစိုက်ကြည့်လိုက်သည်။ ဒါကချွီကျန်းရှန်ပါးစပ်ကထွက်လာနိုင်တဲ့တစ်စုံတစ်ရာလို့ သူမမယုံကြည်နိုင်ပေမဲ့ သူမစိတ်မပြောင်းသွားခဲ့ပေ။

"မရဘူး ငါကညစာစားဖို့စီနီယာနဲ့သွားတွေ့မှာ နင့်ကိုဘာလို့ခေါ်သွားရမှာလဲ?"

ချွီကျန်းရှန်အံ့ဩမသွားပဲ...."မင်းပြောတာမှန်တယ် ဒါဆိုမနက်ဖြန်ညအားလား?"

"မနက်ဖြန်ညကျရင် ငါစီနီယာနဲ့ညစာသွားစားမလို့ပါဆို"

ချီဟွမ် စိတ်ရှုပ်ထွေးစွာ သူ့ကိုကြည့်လိုက်သည်။

ဒါပေမဲ့ ချွီကျန်းရှန်က..."ညစာစားပြီးရင်ရော မင်းအဲ့ဒီစီနီယာနဲ့ညစာက တစ်ညလုံးစားမှာတော့မဟုတ်ဘူးမလား?"

ချီဟွမ် ခဏလောက်ကြောင်အမ်းသွားပြီးမှ ပြန်ဖြေလိုက်တယ်။

"အဲ့ဒီလောက်တော့မကြာပါဘူး နင်ဘာလို့ငါ့ကိုမေးနေတာလဲ? ကိစ္စရှိရင် အခုတစ်ခါတည်းပြောလိုက်"

"ငါအခုတော့မတွေးရသေးဘူး"

ချွီကျန်းရှန် အသံတိုးတိုးနဲ့ပြန်ဖြေသည်။

ချီဟွမ်: ??

ချွီကျန်းရှန်တစ်ခုခုတော့မှားနေတယ်လို့ သူမသေချာသလောက်ဖြစ်သွားတာကြောင့် သူ့ကိုအဖက်မလုပ်တော့ပဲ ဓာတ်လှေကားဆီဦးတည်လိုက်သည်။ သူမဟဲ့ယွမ်ကထွက်သွားဖို့အသင့်ပြင်လိုက်သည်။

ချွီကျန်းရှန် သူမအနောက်ကနေဓာတ်လှေကားဆီ လိုက်လာသည်။

"ပြန်တော့မှာလား?"

ထိန်းချုပ်မရတဲ့အချစ်မီးWhere stories live. Discover now