Chapter 14. မင်းအတွက်နားကပ်၊ ငါ့အတွက်တစ်ခုပိုလုပ်ထားတာ ဘာဖြစ်လို့လဲ
ချီဟွမ် ချွီကျန်းရှန်အင်္ကျီလက်ကိုဆောင့်ဆွဲလိုက်ပြီး စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
"နင်တို့စားသောက်ခန်းကပုံမှန်ဆိုဒီလိုပဲလူစည်ကားတာပဲလား?"
"နေ့လည်စာစားချိန်လေ လူတွေအများကြီးရှိနေတာပုံမှန်ပါပဲ"
ချွီကျန်းရှန် မျက်လွှာချပြီး အသာယာပြုံးလိုက်သည်။
"ဘာဖြစ်လို့လဲ? ကြောက်သွားတာလား?"
"ငါကလေကြောက်တယ်တဲ့လား?"
ချီဟွမ် ဟွန့်ခနဲနှာမှုတ်လိုက်သည်။"ငါကထမင်းတစ်နပ်လာစားရုံပဲဟာ ဘာကြောက်စရာရှိလို့လဲ?"
ချွီကျန်းရှန် ပြုံး၍..."ဒီနေ့မင်းအကြိုက်ဝက်ချိုချဉ်ချက်တယ် အများကြီးစားလို့ရတယ်"
ချီဟွမ်မျက်လုံးလေးတွေ တောက်ပသွားသည်။
"ဒါဆို ဘာလုပ်နေတာလဲ သွားကြမယ်လေ"
သူဌေးဆိုရင်တောင် တန်းစီရမဲ့စည်းကမ်းတွေကို လိုက်နာဖို့လိုပါသေးသည်။ ချီဟွမ် ချွီကျန်းရှန်အနောက်လိုက်ပြီး တန်းစီလိုက်ပေမဲ့ သူမဘယ်လောက်ပဲလစ်လျူရှုဖို့ကြိုးစားနေပါစေ သူမပတ်လည်ကမျက်လုံးတွေက သူမကိုလောင်ကျွမ်းသွားတော့မလို ခြစ်ခြစ်တောက်ပူပြင်းမှုတွေနဲ့ပြည့်နှက်နေပုံရသည်။
"ဘာလို့နင့်ကုမ္ပဏီကလူတိုင်းကငါ့ကိုစိုက်ကြည့်နေကြတာလဲ ငါ့မျက်နှာမှာတစ်ခုခုပေနေလို့လား?"
သူမချွီကျန်းရှန်နားရွက်နားကပ်ပြီး တီးတိုးမေးလိုက်သည်။
ချွီကျန်းရှန်ငုံ့ကြည့်လိုက်ပြီး သူမရဲ့ခပ်ဖောင်းဖောင်းပါးပြင်လေးအပေါ် အကြည့်ရောက်သွားသည်။ သူမကစိတ်မကျေမနပ်ဖြစ်ပြီး ပွစိပွစိရေရွတ်နေပုံရပေမဲ့ လုံးဝမခံမရပ်နိုင်ဖြစ်တာမျိုးတော့မရှိပေ။
သူ့မျက်လုံးတွေနည်းနည်းမှရွေ့မသွားခဲ့ပဲ အပြုံးတစ်ခုနဲ့တိုးဖွဖွပြောလိုက်သည်။
"မင်းအရမ်းလှနေတာကြောင့်လည်းဖြစ်မှာပေါ့ ဒါကြောင့် သူတို့မင်းကိုစိုက်ကြည့်နေကြတာ"

YOU ARE READING
ထိန်းချုပ်မရတဲ့အချစ်မီး
Romanceချီဟွမ်နဲ့ချွီကျန့်ရှန်းသည်ကလေးဘဝတည်းကအတူတူကြီးပြင်းလာခဲ့ကြပြီး ချွီကျန့်ရှန်းမှာဖျော်ဖြေရေးနယ်ပယ်က မည့်သည့်အမျိုးသားကြယ်ပွင့်ထက်မဆိုချောမောခန်ညားသည့် မျက်နှာလေးရှိတယ်ဆိုရင်တောင် သူမသည်သူနဲ့ပတ်သတ်ပြီး တခြားအတွေးတစိုးတစိမှလုံးဝမရှိခဲ့ပေ။ သူမအဖိုးတိ...