မနက် ၇နာရီ၊ ပုံမှန်တိုင်းဆိုရင် အဖြူရောင် မော်ဒန်အိမ်လေးသည် တိတ်ဆိတ်နေတတ်သော်ညား ဒီနေ့မှာတော့ ဆူညံလို့နေတယ်။ ကျောင်းတက်ရမည့် ပထမဦးဆုံးနေ့ဖြစ်နေလို့များလားနော်။
မှန်ရှေ့ necktie အား သေသပ်စွာ စည်းရင်း ကောင်လေးတစ်ယောက်ဟာ ပျော်ရွှင်စွာ ပြုံးသည်။
" Jake Sim မပီးသေးဘူးလား "
အောက်ထပ်မှ ထွကိပေါ်လာတဲ့ အသံကြောင့် ဂျိတ်ခ်ခမျာ လွယ်အိတ်ဆွဲရင်း ပြေးဆင်းရ၏။
" လာပြီ ဘာတွေလောနေတာလဲ "
အောက်မှာစောင့်နေတဲ့ ဂျေးက ကျောင်းလိုက်ပို့ရန် တာဆူနေပြီပင်။ ဂျိတ်ခ်ဟာ ၁၇နှစ်ပင်မဲ့ ၁၇နှစ်လို့ မထင်ရလောက်အောင်ကို အရပ်ရှည်သည်။ Australia မှာ နေခဲ့သည်မို့ ကိုရီးယားနိုင်ငံနဲ့ မရင်းနှီးသော်ညား သူအတတ်နိုင်ဆုံး ရအောင်နေသည်။
လှေကားပေါ်က ပြေးဆင်းလာသည့် ဂျိတ်ခ်ဟာပြုတ်ကျမှာကိုတောင် သတိမထားပေ။
" လာသွားကြမယ် အိုမား သား သွားပြီ "
" စာသေချာ လိုက်လုပ်နော် "
အိုမား၏ အမှာစကားအား ပြန်လည်ဖြေကြားပြီးသည်နှင့် ဂျိတ်ခ်နဲ့ ဂျေးတို့နှစ်ယောက် ကျောင်းကို ထွက်လာခဲ့သည်။ ရောင်စုံ ဖူးပွင့်နေတဲ့ ပန်းတွေ ၊ ပုံသဏ္ဌာန် အမျိုးမျိုး ပေါ်လွင်နေတဲ့ တိမ်စိုင်တွေသည် ဂျိတ်ခ်၏ တစ်နေ့တာကို လန်းဆန်းစေသည်။
ကျောင်းအတွင်း၌ ကားတစ်စီး ရပ်သည်နှင့်တပြိုင်နက် ကျောင်းသားတွေရဲ့ အာရုံစိုက်မှုကို ရရှိသွားလေရဲ့။
" ဒါဆိုရင်ငါ လိုက်ရအုံးမှာလား "
" ဘာလိုက်လုပ်အုံးမလို့လဲ "
ဂျေးက ကျောင်းလိုက်အပ်ပေးမယ်ပြောတာကို ဂျိတ်ကတော့ လက်မခံ။ တစ်ယောက်ထဲသွားမည်သာပြော၏။
မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုတဲ့အတိုင်း ဂျေးနဲ့ ဂျိတ်ခ်ဟာ တည့်တဲ့အချိန်ဆိုတာ ရွှေထက် ရှားလွန်း၏။
" ကျောင်းလိုက်အပ်ပေးမလို့ပေါ့ "
" ကလေးမဟုတ်တော့ပါဘူးနော် "
YOU ARE READING
He doesn't like cigarettes ✓
Fanfiction" ဘယ်လိုလူမျိုးကို မုန်းလဲ ဟျောင်း " " ဆေးလိပ်သောက်တတ်တဲ့လူမျိုး "