Part 9

561 44 5
                                    

ကျောင်းအိမ်သာထဲ ဟီးဆွန်းတစ်ယောက် ဖုန်းကိုင်ကာဟိုဘက်ထောင့် လျှောက်လိုက် ဒီဘက်ထောင့်‌လျှောက်လိုက်နဲ့ အလုပ်ရှုပ်နေလေရဲ့။

ပါးစပ်ကလဲ တတွတ်တွတ်ဖြင့် ဘာတွေရွတ်နေမှန်း မသိ။

" ခေါ်လိုက်ရမလား၊ ခေါ်လိုက်မယ်ကွာ "

ပြေးလွှားနေတဲ့ phone screen ပေါ်က လက်ချောင်းတွေဟာ ချက်ချင်းဆိုသလို ပြင်သစ်က ဟျွန်းဂျင်ဆီ။ တတူတူ မြည်ပြီးသည့် သကာလတွင်တော့ တစ်ဖက်က မျှော်နေတဲ့ အသံဟာ ထွက်ပေါ်လာခဲ့သည်။

" နိုင်ငံခြားကို ဖုန်းခေါ်တာ ဘယ်လောက်ပိုက်ဆံကုန်လဲ သိလား ငါ့တူ "

ဖုန်းဝင်ချိန် တန်းထွက်လာတဲ့ ဆွဲဆောင်မှုရှိတဲ့ ဟျွန်းဂျင်ရဲ့လေသံ။

" သိပါ့! တိုင်ပင်စရာရှိတယ် "

" ပြောဘာလဲ "

ဟီးဆွန်း သက်ပြင်းရှည်ရှည်တစ်ချက်ချလိုက်ပြီးတော့။

" ဖွင့်ပြောရင်ကောင်းမလား ကောင်လေးတစ်ယောက်ကို ချစ်မိနေပြီ "

တစ်ဖက်က ဟျွန်းဂျင်ကတော့ အံ့ဩသွားပြီး ပြင်သစ်လိုတွေ ဘုရားတတော့သည်။

" Oh mon Dieu! Heeseung! ဘာတွေ လက်နှေးနေတာလဲ သွားပြောလေ "

" နေအုံးဗျ ကျွန်‌တော် ကျောင်းမှာမပြောချင်ဘူး "

ဒီလိုကိစ္စမျိုးမှာပါ ဟီဆွန်းဟာ ဂျီးများပါသည်။

" ဒါဆို ညဘက်ပြောလေ လမ်းလျှောက်ထွက်ရအောင်ဆိုပြီး ပြောပေါ့ "

အချစ်အကြောင်းဆို အမြဲတမ်း ရွှေဉာဏ်တော် စူးရောက်နေတဲ့ ဟျွန်းဂျင်၏ ဦးနှောက်အား ရွှေချထားသင့်ပါသည်။

" အွန်းနော် မဆိုးဘူး ဂိုမာဝေါ "

လိုချင်တာရသွားတဲ့ ကလေးလေးလို ချွဲပြီးပြောတဲ့ တူတောင်မောင်အား ဟွန်းဂျင် တစ်ချက်ရယ်လိုက်သည်။

" သွားတော့သွား ငါလဲ Lix အတွက် မုန့်ဝယါပြီး အိမ်ပြန်ရအုံးမှာ "

ဟီးဆွန်း ဖုန်းအမြန်ချကာ အိမ်သာထဲက ထွက်လာခဲ့ပြီး ဂျိတ်ခ်ကို လိုက်ရှာခဲ့သည်။

He doesn't like cigarettes ✓Where stories live. Discover now