Part 5

514 49 0
                                    

ဆူးကို နှုတ်ဆက်ပြီး အိမ်ထဲဝင်လာတော့ ထမင်းဝိုင်းနဲ့ တိုးလေရဲ့။ အငွေ့တထောင်းထောင်း ထနေသော ဟင်းပွဲတို့သည် စားပွဲပေါ်၌ စားချင်စရာ။

" ဝါးးမွှေးနေတာပဲ "

" ဂျိတ်ခ်သားလေး ပြန်ရောက်ပြီလား၊ သွားသွား
အကျီသွားလဲလိုက်အုံး "

" ရာ့ဂျိတ်ခ်! မြန်မြန်လဲ ခဲ့နော် "

ဂျိတ်ခ် ချယ်ယောင်းကို side eyes လေးလက်ဆောင်ပေးလိုက်သည်။
အကျီလဲပြီး အောက်မှာထမင်းစားလိုက်ကြတယ်၊ ဒီနေ့မှ မိသားစုထမင်းဝိုင်းက ပိုလို့တောင်အသက်ဝင်သေးတယ်၊ အာပါးရဲ့ ရယ်သံ၊ အိုမားရဲ့ရယ်သံတွေကြောင့် ထမင်းဝိုင်းကအသက်ဝင်လာသည့် ပန်းချီကားတစ်ချက်လားပမာ။
ထမင်းစားပြီးတော့ အိမ်စာတွေကိုကျောင်းမှာလုပ်ခဲ့တာကြောင့် လုပ်စရာမလိုအဲ့တာကြောင့်ပဲ အောက်ထပ်မှာ ဂျေးတို့နဲ့အတူတီဗွီထိုင်ကြည့်နေလိုက်သည်။ လူကအိမ်မှာဆိုပင်မဲ့ စိတ်ကတော့ဟီးဆွန်းဆီရောက်နေတယ်။ သူအဆင်ပြေရဲ့လားအဖျားတက်နေမလား။ ကလေးမှမဟုတ်တာကွာ အဲ့လောက်ကြီးတော့ စိုးရိမ်စရာမလိုပါဘူး။

" ဂျိတ်ခ်!! "

" ဘာလဲဗျာ "

ချယ်ယောင်းက လှမ်းအော်လိုက်တာကြောင့်
ဂျိတ်ခ်စိတ်ရှုပ်သွားသည်။

" ငါ့ကို ကိုလာဖောက်ပေး "

ဘေးနားရှိနေတဲ့ ဂျေးကိုမဖောက်ခိုင်းပဲနဲ့လက်တစ်လှမ်းလောက်ကွာနေတဲ့ သူ့ကိုဖောက်ခိုင်းသည်။ ချယ်ယောင်းက ဘာလား။

" နင်စာတွေအများကြီး ကျက်ထားလို့ဂေါက်သွားတာလား နင့်ဘေးနားမှာ ‌ဂျေး တစ်ယောက်လုံးရှိတယ်လေ "

" ဒါလေးဖောက်ခိုင်းတာဘာဖြစ်လို့လဲ "

" ဘေးနားကလူကိုဖောက်ခိုင်းရင်ပိုကောင်း- ခနလေးဖုန်းလာလို့ "

ရန်ဖြစ်နေရင်း မြီလာသည့်ဖုန်းကြောင့် ဂျိတ်ခ်ခနနားကာ ဖုန်းကိုကြည့်လိုက်တော့ ဆူးစီက။

" ဘာလို့လဲ ဆူး "

" ဂျိတ်ခ်! ဟီးဆွန်းအဖျားတွေတအားတက်နေလို့ လာခဲ့ပါအုံး၊ ငါတစ်ယောက်ထဲမလုပ်တတ်ဘူး "

He doesn't like cigarettes ✓Where stories live. Discover now