Part 13

464 39 1
                                    

အင်း ဒီနေ့ဆိုရင် အီသန်နဲ့တွဲတာ တစ်ပတ်တောင်ပြည့်ပြီ၊ အီသန်‌နဲ့ဆို ပျော်ရွှင်ရတယ်လို့ထင်တယ်။

သူ့မျက်နှာတစ်ချက် အပျက်မခံတဲ့ အီသန်ဟာ လိုလေးသေးမရှိအောင် ချစ်ပေး၏။

အီသန်က သူ့အတွက် တကယ်အားဖြစ်စေတဲ့ ကံကြမ္မာက ပေးတဲ့ အားဆေးလေးလိုပဲ။
ပြီးတော့ အီသန်က တကယ့်အချစ်ခံလေးလေ။

ဆူးတို့နဲ့ စကားပြောနေချိန် ‌မက်ဆေ့ဝင်လာတယ် အီသန့် ဆီက။

* ကျောင်းနောက်မှာလာတွေ့ပါ ‌ရည်းစားလေးရေ *

ရည်းစားလေးရေ?။ မသိမသာ သိသိသာသာပျော်ရွှင်သွားတဲ့ မျက်နှာလေးနဲ့ အပေါ်သို့ ကွေးတက်သွားတဲ့ နှုတ်ခမ်းတစ်စုံ။
အီသန့်ရဲ့ အမိန့်အတိုင်း ကျောင်းနောက်ကို သွားတော့ တစ်နေရာမှာ ထိုင်နေတဲ့ အီသန်။

" ပြောလေ အီသန် "

" လာပါအုံး ကောင်လေးရဲ့ဖက်ထားချင်လို့ "

ရောက်သွားတာနဲ့ အလွမ်းသယ်ပြီ အီသန်ကတော့ မတွေ့ရတာလဲမဟုတ်ပဲနဲ့ ကျောင်းခန်းက တစ်ခန်းထဲဟာကိုမှ။

" ‌အပိုတွေ လုပ်ပြီ၊ တော်တော့အတန်းသားတွေတွေ့သွားမယ် "

" တွေ့တော့လဲဘာဖြစ်လဲ မင်းကကိုယ့်အပိုင်၊ မင်းနားမှာကိုယ်ရှိတယ်အဲ့တော့ဘယ်သူမှ
ဂရုမစိုက်နဲ့ "

" ဂရုစိုက်နေတာမဟုတ်ဘူး အီသန်ကို ရွံစရာကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ကျမှာကို မလိုလားတာ "

" အဲ့လိုကြည့်ရင် မျက်လုံးတွေကိုဖောက်ထုတ်ပစ်မှာပေါ့ "

အင်း..အီသန်က တစ်ခါတစ်လေလဲ ဒီလို ကြောက်စရာကောင်းတဲ့ စကားတွေပြောလေ့ရှိတယ်။ ဒါပင်မဲ့ ဂျိတ်ခ်အတွက်တော့ ကြောက်စရာကောင်းတဲ့ စကားတွေပြောတတ်တဲ့ အီသန်က ချစ်ဖို့ကောင်းတယ်လို့ထင်မိပါရဲ့။

" ကိုယ်မေ့တော့မလို့လေ ရော့ "

ဘူး‌နီနီလေးအား ဂျိတ်ခ်ဆီထိုးပေးလာတဲ့
အီသန်။ သေချာပါပြီ ဒီတစ်ခါတော့ သူတို့ရဲ့တွဲ‌တဲ့ date ကိုတော့ မှတ်မိသေးလို့။

ဘူးနီနီလေးထဲနေရာယူနေတဲ့ စိန်စီထားတဲ့ လက်စွပ်လေးတစ်ခု။ အီသန်လီ သူဌေးမှန်းသိသာလွန်းပါတယ်။

He doesn't like cigarettes ✓Where stories live. Discover now