" ရား ဂျိတ်ခ်မင်းလူဆီမသွားဘူးလား "
အရင်နေ့တွေကလို suit နဲ့မဟုတ်ပဲ ပေါ့ပေါ့ပါးပါး လေးဝတ်ကာ ကားသော့ဆွဲပြီး ထွက်လာပုံက ဂျောင်ဝန်းနဲ့ သွားတွေ့မယ်ဆိုတာ အသိသာ..။
ဂျိတ်ခ်၏ နှုတ်ခမ်းဟာ သိသိသာသာ ဆူထွက်လာ၏။
" ဖုန်းဆက်တာမကိုင်ဘူး ဆူးကတော့ အိပ်နေတယ်နဲ့တူတယ်တဲ့ "
" ဒါဆို ငါ့ ဝန်းငယ်ဆီသွားပြီနော် "
" အော် သွားသွား "
ဂျိတ်ခ်ကို စပြီးအပြင်ကိုထွက်သွားတဲ့ဂျေးကြောင့် စိတ်ကိုမနည်းထိန်းထားရသည်။
ခနအကြာ တုန်ခါသည့် ဖုန်းကြောင့် ဂျိတ်ခ်တစ်ချက်ကြည့်လိုက်တော့ 'ဆူး' ဆိုသည့် contact လေးနဲ့ Facetime call
" ယောဘိုစယ်ယို~~~ "
" ဂျိတ်ခ်! ကောင်စုတ် ရောက်တာတောင်ငါ့ကိုလာမတွေ့ဘူးနော် "
တစ်ဖက်က ဆူးဆီက ထွက်ပေါ်လာတဲ့ မကျေမနပ်အသံ။ ဟုတ်ပါရဲ့ ပြန်ရောက်တဲ့နေ့ထဲက ဆူးကို ဖုန်းတစ်ခါပဲ ခေါ်ထားပြီး သွားတောင် မတွေ့တာ အအော်ခံသင့်ပါရဲ့။
" Sorry ဆူး ငါလဲအလုပ်ရှုပ်နေလို့ပါဟာ၊ ဒါနဲ့ အီသန်ရော "
" ငါဖုန်းဆက်တာလဲမကိုင်ဘူး၊ အယ် ဂျိတ်ခ်နင်ဆေးလိပ်သောက်နေတာလား "
အငွေ့တစ်ချို့ကြောင့် ဆူးက အံ့ဩတစ်ကြီးမေးလေရဲ့။
မတွေ့ရတဲ့ 8နှစ်အတွင်း တော်တော်ကိုပြောင်းလဲသွားတဲ့ ဂျိတ်ခ်ကြောင့် ဆူး အံ့ဩမိတယ်။အရင်တုန်းက အဖြူထည်လေးက အခု ဆေးလိပ်တွေပါသောက်တတ်နေတော့ ဆူးအံ့ဩတာမစမ်း။
" အော် အင်းဟုတ်တယ် နည်းနည်းပါ "
" အော်ဒါနဲ့ ငါတို့ ဒီညကျောင်းသားဟောင်း တွေ့ဆုံပွဲရှိတယ် နင်လာခဲ့မလား "
" ကျောင်းသားဟောင်း တွေ့ဆုံပွဲ "
ကျောင်းသားတွေ့ဆုံပွဲမပြောနဲ့ company က party တွေလုပ်ရင် 45မိနစ်ထပ်ပို မနေတာမို့ ဂျိတ်ခ်အတွက်တော့ နည်းနည်းအဆင်မပြေသော်ညား တွေ့ဆုံပွဲမှာ ဟီးဆွန်းလဲ ပါလာနိုင်တယ်လေ။
YOU ARE READING
He doesn't like cigarettes ✓
Фанфик" ဘယ်လိုလူမျိုးကို မုန်းလဲ ဟျောင်း " " ဆေးလိပ်သောက်တတ်တဲ့လူမျိုး "