ဟျွန်းဂျင်ကို နှုတ်ဆက်ပြီးတော့ တိုက်ပေါ်ပြန်တက်လာခဲ့သည်။ တစ်နေကုန် လှုပ်ရှားနေတာကြောင့်ခန္ဓာကိုယ် နုံးနေပြီဖြစ်၏။ တစ်နေကုန် ဖွင့်မကြည့်ရသေးသည့် ဖုန်းကို ဖွင့်လိုက်တော့ Lock screen မှာနေရာယူနေတဲ့ 'Jakey' ဆိုတဲ့ contact လေးနဲ့စာလေးတစ်စောင်။
' ဟျောင်း မနက်စာအတွက် ကျေးဇူးမတင်လိုက်ရလို့၊ အချိန်ရရင် တစ်ရက်လောက် ကျွန်တော်ကိုယ်တိုင် ကိတ်မုန့်ဖုတ်ပေးချင်လို့ ဟျောင်းဘာအရသာ ကြိုက်လဲ '
ဂျိတ်ခ်နဲ့ message ကြောင့် ဟီးဆွန်းတစ်ချက် ပြုံးမိလိုက်သည်။ တကယ်ကို ချစ်စရာကောင်းတဲ့ကောင်လေးပါ။
' အဆင်ပြေတာလုပ်ပါ ငါကအဆင်ပြေတယ် '
ညနေ 4နာရီထဲက ပို့ထားတဲ့စာကို ညလောက်မှ reply ပြန်လိုက်သော်လဲ ချက်ချင်းမီးစိမ်းလာတဲ့အကောင့်လေး၊ ဒီကောင်လေး သူ့စာကိုများစောင့်နေတာလား။
' ဒါဆိုရင် chocolate cake လေးရွေးထားလိုက်မယ် ကောင်းသောညပါ ဟျောင်း '
' Good Night Jakey '
ဂျိတ်ခ်ရဲ့ message deft မှာကျန်နေတဲ့
'ချစ်တယ်ဟျောင်း' ဆိုတာလေးတော့ ထည့်မပို့လိုက်ပါ။
-----
ကျောင်းတက်နေပြီဖြစ်သော်လည်း ဟီးဆွန်းတစ်ယောက်မလာသေး။ ဂျိတ်စိတ်ပူမိသည်၊ တစ်နေ့ကညက မိုးမိထားတယ်မဟုတ်လား။ ဆူးကတော့ ဒီကောင် နောက်ကျပြန်ပြီ ဗုဒ္ဓဟူးနေ့တိုင်း နောက်ကျတဲ့ရက်က များသည်ဟုပြောသော်လဲ ဂျိတ်မနေနိုင်။
ဖင်တကြွကြွဖြင့် ကျောင်းဝန်းထဲ ကြည့်နေမိသော်လဲ တစ်ယောက်သောသူရဲ့ အရိပ်တောင် မမြင်ရ။
" ဂျိတ်ခ်ရယ် ထိုင်စမ်းပါ နင့်ကြည့်ရတာမူးနောက်လို့ "
နေရာမှာမထိုင်ပဲ ပြတင်းပေါက်ကိုသွားကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ဂျိတ်ကိုဆူးမျက်စိနောက်လာသည်။
" ဟဲ့ဆူးအဲ့လိုမပြောပါနဲ့ "
ဘေးနားက ကျောင်းသူက ဂျိတ်ခ်ကိုထိတော့ဝင်ပြောသည်။
" ကြည့်ပါလား ငြိမ်ငြိမ်ကိုမနေဘူးဟီဆွန်း- "
စကားမဆုံးသေးခင် ဝင်လာသည့်ဖုန်းကောကြောင့် ကြည့်လိုက်တော့ အီဟီဆွန်း ဆိုသည့် နာမည်နဲ့ ချီးထုပ် အကိုဝမ်းကွဲ။
YOU ARE READING
He doesn't like cigarettes ✓
Fanfiction" ဘယ်လိုလူမျိုးကို မုန်းလဲ ဟျောင်း " " ဆေးလိပ်သောက်တတ်တဲ့လူမျိုး "