ဒီလိုနဲ့ အိမ်တွင်းအောင်းနေတာ ဒါနဲ့ဆိုရင် သုံးရက်မြောက် ဒီနေ့တော့ သက်သာလို့ ကျောင်းသွားဖို့ စိတ်ကူးထားသည်။ ဒီလိုနဲ့ အကျီကိုသေသေသပ်သပ်ဝတ်ပြီး ကျောင်းကိုထွက်လာခဲ့တယ်။ မနက်ခင်း နေရောင်ခြည်နွေးနွေးဟာ ကျောင်းဝန်းထဲကို လှပစွာ ကျရောက်လို့နေတယ်။
ကျောင်းသူတွေဟာ ဂျိတ်ခ်ကိုမြင်တော့ အနားကို ပြေးလာကြကာ သတင်းဝိုင်းမေးကြလေသည်
" ဟိုမှာ ဂျိတ်ခ်!! "
" ဂျိတ်ခ်နေကောင်းသွားပြီလားဟင် "
ဘေးနားကို ကျောင်းသူလေးတွေဝိုင်းလာပြီးသတင်းမေးကြတယ်။ ဂျိတ်ခ်ကတော့ စိတ်ရှည်ရှည်နဲ့ အားလုံးဖြေပေးနေရတာ မသိရင် idolတစ်ယောက်နဲ့ထူးမခြားနားပဲ။
" ကောင်းသွားပါပြီ၊ ရေချိုးတာကြာသွားလို့ပါ "
" ဂရုစိုက်အုံးနော် "
" ခွင့်ပြုပါအုံး "
ဒီလိုနဲ့ လူအုပ်ထဲကနေထွက်ကာ ကျောင်းခန်းထဲဝင်လာလိုက်တယ်။ ကျောင်းခန်းထဲရောက်တော့ သူ့ကိုဆီးကြိုနေတဲ့ ဆူး။
" ဂျိတ်ခ်!!!!! အား လွမ်းနေတာ "
ဆူးဟာ ဂျိတ်ခ်အား တင်းကြပ်စွာ ဖက်ထားရင်း ဆိုလေသည်။
" ငါလဲလွမ်းပါတယ်နော် "
" ဘယ်သူ့ကိုလဲငါ့ကိုလားတစ်စုံတစ်ဟီးကိုလား "
" ဆူး! "
" ကောင်လေးနေကောင်းသွားပြီလား "
သူ့နားကို ဖြေးဖြေးချင်းရောက်လာတဲ့ ဟီးဆွန်း၊ မတွေ့ရတဲ့ သုံးရက်အတွင်းချောလာလိုက်တာ၊ သူများသားသမီးတွေများ။
" ရော့ "
လက်ထဲက နွားနို့ဗူးလေးကို လက်ထဲထည့်ပေးလိုက်တယ်။ ဂျိတ်ခ်လဲ တွေးမနေပဲယူလိုက်တယ်။ ရခဲတယ်ဒါမျိုးဆိုတာ။
" ဂိုမာဝေါ ဟျောင်း "
ဟျောင်းကအရမ်းကြင်နာတတ်တာပဲ၊ ဒီနေ့ဂျိတ်ခ်ရဲ့ Daily routine ကတော့ ဟျောင်းကိုခိုးကြည့်မဲ့ အစီစဉ်ပဲ။
--------
ကျောင်းပြန်တက်တာ ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်ပြီဟျောင်းနဲ့တွေ့ရတဲ့နေ့တွေဟာ ရိုးသွားတယ်ကိုမရှိ၊ ဟျောင်းမျက်နှာက ဘယ်လောက်ကြည့်ကြည့်ရိုးအီသွားတဲ့ထဲမပါဘူး။
YOU ARE READING
He doesn't like cigarettes ✓
Fanfiction" ဘယ်လိုလူမျိုးကို မုန်းလဲ ဟျောင်း " " ဆေးလိပ်သောက်တတ်တဲ့လူမျိုး "