အထက်တန်းကျောင်းဝန်းထဲအား တရွေ့ရွေ့ ဝင်လာတဲ့ BMW iX3 အဖြူတစ်စီးပေါ်က ဆင်းလာတဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်။
အမြဲတမ်းလိုလို ပျော်ရွှင်နေတတ်ပြီး ပြုံးရွှင်နေတဲ့ Australian/Korean ကပြားလေး၏ မျက်နှာသည် ဒီနေ့မှ ခက်ထန်လျက်။
" Look! Jake is over there "
ကောင်မလေးအုပ်စု တစ်စုဆီက ထွက်ပေါ်လာတဲ့ ပျော်ရွှင်တဲ့လေသံ။ ပြုံးရွှင်ရွှင်နေတတ်တဲ့ ကောင်လေး၏ မျက်နှာသည် ခက်ထန်နေသည်မို့ ကျောင်းက လူတိုင်းဟာ အံ့ဩလျက်။
ခပ်သွက်သွက်ခြေလှမ်းတွေဦးတည် နေတဲ့နေရာက ကျောင်းရဲ့ ကန်တင်းဆီသို့။
" Jake!! "
ကန်တင်းရဲ့ ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ဆီက ထွက်ပေါ်လာတဲ့ ပျော်ရွှင်နေတဲ့ လေသံအား ဂျိတ်ခ်ရဲ့ လွယ်အိတ်ချသံ 'ဘုန်း' ဆိုတဲ့အသံက ကန်တင်းအား တိတ်ဆိတ်စေခဲ့သည်။
" ကိုရီးယားကို ဖုန်းခေါ်တာ ခေါ်လို့မရဘူး! "
စိတ်တိုစွာ ပြောရင်း ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကာ စိတ်တိုစွာ ကြည့်၏။
" ကိုရီးယားမှာ ဘယ်သူကျန်ခဲ့လို့လဲ "
Ni-Ki ရဲ့အမေးကို ဂျိတ်ခ်သက်ပြင်းချလျက်..။
" ရည်းစားဟေး! ရည်းစား! "
ဂျိတ်ခ်ရဲ့အဖြေကြောင့် ဆောင်းဟွန်းရော Ni-Ki ပါအံ့ဩသွားရသည်။ စာကြမ်းပိုး Sim မျိုးရိုးလေးမှာ ရည်းစားရှိတယ်တဲ့လား၊ နားကြားမှားတာလား မယုံနိုင်။
" ရည်းစား? ထားလိုက်ပြီလား "
ဆောင်းဟွန်းဟာ အံ့ဩစွာ မေးမိပြန်သည်။
" ထားလိုက်ပြီ အမ်း! နှစ်လပြည့်ပြီးသွားပြီ "
" ဝိုးးး! ကိုကို ကြားလိုက်လား "
ဆောင်းဟွန်းကိုယ်အား လှုပ်ရမ်းရင်း ပြောနေတဲ့ Ni-Ki ဟာ ရုပ်လေးသာ မချောရင် ဆောင်းဟွန်း ဘေးနားက ဓားနဲ့ထိုးပြီးတာ ကြာရောပေါ့။ သို့ပင်မဲ့ ရုပ်လေးချောနေတာရယ်၊ သူ့ရည်းစားဖြစ်နေတာရယ် ကြောင့် ဆောင်းဟွန်း ပြုံးပြီး ကြည့်နေရုံမှ တပါး ဘာမှ ပြန်မလုပ်နိုင်ပါ။
YOU ARE READING
He doesn't like cigarettes ✓
Fanfiction" ဘယ်လိုလူမျိုးကို မုန်းလဲ ဟျောင်း " " ဆေးလိပ်သောက်တတ်တဲ့လူမျိုး "