ဒီထဲမှာ Park Chaeyoung က ဂျိတ်ခ်တို့ရဲ့ မိသားစုဝင်ဖြစ်တာကြောင့် Park မျိုးရိုးနေရာမှာ Sim လို့ပြောင်းထားပါတယ်
----" ဆရာမ ကျွန်တော့်သူငယ်ချင်း မူးလဲသွားလို့ "
ဂျိတ်ခ်ကို ချီလျက်သားနဲ့ ကျောင်းဆေးပေးခန်းထဲ ဝင်လာတဲ့ ဟီးဆွန်း။ နှဖူး၌ တွဲလဲခိုနေသော ဇောချွေးများသည် မည်မျှပင် စိတ်ပူနေကြောင်း ဖော်ပြနေ၏။
" လာလာဒီပေါ်တင်လိုက် "
ဆရာမက ဂျိတ်ခ်ကို ကုတင်ပေါ်တင်ခိုင်းပြီး အဖျားတိုင်းသည်၊ နောက်ပြီး မူးလဲတာအပြင်ဘာဖြစ်သေးလဲ လဲမေးသေးသည်။
" အဖျားတက်နေပုံပဲ ဂျိတ်ခ် ဘယ်လိုဖြစ်ရတာလဲ "
ကျောင်းဆေးပေးခန်းက ဆရာဝန်မက
ဂျိတ်ခ်ကိုနူးနူးညံ့ညံ့လေးမေး၏။" ကျွန်တော် အိမ်မှာ ရေချိုးတာအချိန်ကြာသွားတယ်နဲ့ တူပါတယ် "
သူ ဖျားတာကို ဟီးဆွန်းကြောင့်လို့ အထင်မခံနိုင် ဟီးဆွန်းဟျောင်း စိတ်မကောင်းဖြစ်သွားမှာကိုမလိုလားတာကြောင့် ငရဲကြီးရင် ကြီးပါစေ လိမ်ပြောရပေမည်။
" သေချာလိုလို့လား "
ကုတင်ပေါ်၌ တင်မလွဲလေးထိုင်ရင်း ဟီဆွန်းက မေး၏။ အဖျားရှိန်ကြောင့် နီရဲနေတဲ့ မျက်နှာလေးသည် အလိမ်ပေါ်မှာဆိုး၍ စိုးရိမ်နေပြီး တစ်စက်ထဲမှာပဲ မျက်စံနက်တို့သည် လှုပ်ရှားသွား၏။
" သေချာပါတယ် "
လိမ်တယ်။ Sim Jaeyun က သိပ်ကို လိမ်တတ်တယ် ၊ မပိရိတာလေး တစ်ခုပဲ။
" သားလေး! "
ထိုအချိန်ဝင်လာတဲ့ ဂျိတ်ခ်ရဲ့ အမေနဲ့ သူ့အမ Sim Chaeyoung တို့နှစ်ယောက်။
" သားလေးနေကောင်းရဲ့လား "
" ကောင်းပါတယ် အိုမား "
" ဒါဆို ကျွန်မကို ခွင့်ပြုပါအုံး၊ ရုံးခန်းထဲပြန်လိုက်ပါအုံးမယ် ဟီးဆွန်းသူငယ်ချင်းနဲ့နေခဲ့နော် "
" ဟုတ်ကဲ့ပါ ဆရာမ "
ဂျိတ်ခ်က သူ့အမေကို တွေ့တော့ ထလိုက်ချိန် ခေါင်းက ရုတ်တရက် မူးဝေသွားတာကြောင့် ဂျိတ်ခ်ရဲ့ ကျောဘက်မှာ ဟီးဆွန်းထိုင်ပြီး ထိန်းပေးလိုက်တယ်။
YOU ARE READING
He doesn't like cigarettes ✓
Fanfiction" ဘယ်လိုလူမျိုးကို မုန်းလဲ ဟျောင်း " " ဆေးလိပ်သောက်တတ်တဲ့လူမျိုး "