Part 3

611 60 1
                                    

ဆိုးလ်မြို့ရဲ့ နေရောင်ဟာ ဂျိတ်ခ်ရဲ့မျက်နှာပေါ်ကို ထိုးကျနေသည့် အတွက်‌ ကြောင့်အိပ်မောကျနေရာကနေနိုးလာခဲ့တယ်။ ကြည့်လိုက်တော့ သူ့ဘေးနားမှာ အိပ်ပျော်နေတဲ့ ဟီးဆွန်း၊ ဆိုဖာကြီးကြီး‌တွေ အကျယ်ကြီးအိပ်လို့ရတာတောင်ဟီးဆွန်းကသူ့ကိုဖက်ထားလို့နေတယ်။

လှုပ်ချင်တာ‌တောင် ဟီးဆွန်း အိပ်ရေးပျက်သွားမှာဆိုးလို့ မလှုပ်ရဲ။ ဟီးဆွန်းရဲ့ အသက်ရှုသံ၊ နှလုံးခုန်သံတွေကို အနီးကပ်ကြားရတဲ့သူ့ဟာ သိပ်ကို ကံကောင်းလွန်းလှတယ်။

ထို့ကြောင့် ဟီးဆွန်းကိုကြည့်လို့ရတုန်းအဝကြည့်နေမိတယ်။ သွယ်လှတဲ့နှာတံ၊ မြင်ရခက်သည့်မျက်နှာအချိုးစားနှင့်ထိုလူဟာ အိပ်နေတာတောင် သိပ်ကိုချောသည်။

" ဘာလို့ခိုးကြည့်နေတာလဲ "

" ဟမ်? ဟို...ဟို ဘားမှမဟုတ်တော့ဘူး အကျီသွားလဲလိုက်အုံးမယ် "

လူမိသွားတဲ့ ဂျိတ်ခ်ဟာ ရှက်ကိုးရှက်ကန်းဖြင့် ခပ်သွက်သွက်ထကာ ညကလှမ်းထားတဲ့အကျီတွေကို ချက်ချင်းကောက်ဝတ်လိုက်ပြီး ပြေးထွက်မယ်အလုပ်၊ ဟီးဆွန်းကလက်ကိုလှမ်းဆွဲလိုက်သည်။

" မသွားနဲ့အုံး မနက်စာစားသွား လာခဲ့ "

ငြင်းလို့မရတော့တာကြောင့် ဂျိတ်ခ်ခေါင်း
ညှိမ့်ကာ အသိမှတ်ပြုလိုက်တယ်။ ဟီးဆွန်းက ဘောင်းဘီအိတ်ထဲလက်နှိုက်ကာ မီးဖိုချောင်ကို အရှေ့က ဦးဆောင်ပြီးသွားလိုက်တယ်။ ရေခဲသေတ္တာဖွင့်ကာ လိုအပ်တဲ့ပစ္စည်းတွေထုတ်ရင်း
မနက်စာအတွက် ဟီးဆွန်းက ကင်မ်ချီထမင်းကြော်ပေးသည်။ ဟျောင်းက အချက်ပြုတ်လဲတော်တာပဲ။

" ကောင်းလား "

" အွန်း ကောင်းတယ် "

" ဖြေးဖြေးစားငါအကျီလဲပြီးမင်းကိုလိုက်ပို့မယ် "

ဟီးဆွန်းကပြောပြောဆိုဆိုနဲ့ အကျီသွားလဲသည်။ t-shirt အဖြူအပွကို ပေါင်လည်လောက်ရှိတဲ့ ဘောင်းဘီအနက်အတူဝတ်ဆင်ထားပြီး ဆံပင်ကို အနည်းငယ်ဖွထားတာကြောင့် လူငယ်ဆန်တာထက်ကို ပိုလွန်းပါသည်

" ဘယ်လိုလဲ ကောင်လေးကြည့်ကောင်းလား"

မှန်ရှေ့ ချောမောလှသည့် ရူပကာအား ကြည့်ပြီးနောက် သူ့အား စိုက်ကြည့်နေသော ဂျိတ်ခ်ဘက်လှည့်ကာ လှမ်းမေးလိုက်သည်။

He doesn't like cigarettes ✓Where stories live. Discover now